မန်ယူအသင်းဟာ ပွဲဖာဂူဆန်လက်ထက်ကလိုပုံစံဖြစ်နေတာကြောင့် ပွဲမပြီးခင်နိုင်ပြီလို့ပြောမရကြောင်း လိုက်ဇစ်အသင်းနည်းပြဆို

ယနေ့ညမှာယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ မန်ယူအသင်းဟာ ဂျာမန်ကလပ်အသင်းဖြစ်တဲ့ လိုက်ဇစ်အသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရတော့မှာပါ။အဆိုပါပွဲစဉ် မှာ မန်ယူအသင်းဟာ အဝေးကွင်းမှာ အနည်းဆုံးသရေတစ်မှတ်ရရှိမှ သာနောက်တဆင့်ကိုတတ်ရောက်နိုင်မှာ ဖြစ်တာကြောင့် အရေးကြီးပွဲစဉ်ဖြစ်နေပါတယ်။

ထို့အတူလိုက်ဇစ်အသင်းကလည်း မန်ယူအသင်းကိုအနိုင်ရရှိမှသာ နောက်တဆင့်တတ်ရောက်နိုင်မှာဖြစ်တာကြောင့် ၎င်းတို့အသင်းအတွက်လည်းအလွန်အရေးကြီးနေပါတယ်။အဆိုပါပွဲစဉ်မတိုင်မီမှ လိုက်ဇစ်အသင်းနည်းပြနီဂလ်မန်းက မီဒီယာများနဲ့တွေ့ဆုံစဉ်မှာ အခုလိုပြောကြားခဲံတာပါ။

နီဂလ်မန်းရဲ့လိုက်ဇစ်အသင်းဟာ မန်ယူအသင်းကိုပထမအကြော့အဝေးကွင်းမှာ ယှဉ်ပြိုင်စဉ်ကလည်း၅-ဝရလာဒ်နဲ့အပြတ်ရှုံးနိမ့်ဘူးတာကြောင့် လိုက်စ်အသင်းအနေနဲ့လည်းဖိအားအထူးများပြားနေ

တာပါ။

နီဂလ်မန်းက မန်ယူအသင်းဟာ ပွဲအဖြေကိုအချိန်မရွေးပြောင်းနိုင်တဲ့အနေထားမှာရှိနေပါတယ်။သူတို့အသင်းဟာ အဝေးကွင်းတွေမှာ အံ့သြသင့်ဖွယ်ရလာဒ်တွေနဲ့ နိုင်ပွဲတွေဆက်တိုက်ရယူနေပြီးဆောက်သင်တန်အသင်းရဲ့ပွဲစဉ်နဲ့ဝက်ဟမ်းအသင်းတို့ရဲ့ပွဲစဉ်တွေမှာ သူတို့အသင်းရဲ့စိတ်ဓါတ်ပိုင်းဟာနည်းပြဟောင်းကြီးဖာဂူဆန်လက်ထက်ကလိုပုံစံဖြစ်နေကြောင်းနဲ့ မန်ယူအသင်းကိုပွဲမပြီးခင်နိုင်ပြီလို့ ပြောရင်မှားသွားလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်းငါးပွဲဆက်နိုင်ထားတာကြောင့်အဝေးကွင်းရလာဒ်ပိုင်းကောင်းမွန်နေတယ်လို့ရပေမယ့် လိုက်ဇစ်အသင်းနဲ့ပွဲစဉ်တော့အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ မာရှယ်တို့ဒဏ်ရာပြသနာကြောင့်မပါဝင်နိုင်မှာဖြစ်တာကြောင့် တိုက်စစ်အင်အားလျှော့ကျနေသလိုလိုက်ဇစ်အသင်းက လည်းအဓီကနောက်ခံကစားသမားအူပါမီကာနိုပွဲပါယ်ပြစ်ဒဏ်ရှိနေတာကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူး။

Leave a Comment

Your email address will not be published.