ပေါ့ဘောဟာ မန်ယူအသင်းမှာကစားဖို့စိတ်ပါဝင်စားမှုမရှိတော့တာကြောင့်လာမယ့်ဇန်နဝါရီမှ အသင်းကနေရောင်းချဖို့ပေါ့ဘာရဲ့အေးဂျင်းရိုင်းအိုလာကပြောကြားပြီးနောက်ပေါ့ဘာရဲ့သတင်းတွေပွဲတူနေပါပြီ။

အဲ့ဒိအချိန်မှာဘဲပေါ့ဘာက မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ အသင်းဖော်များနဲ့ပျော်ပျော်ရွှင်ရွှင်လေ့ကျင့်နေပုံတွေကို သူ့ရဲ့အင်စတာ ဂရမ်အကောင့်မှတင်လိုကိပြီး ရိုင်းအိုလာရဲ့စကားကိုချေဖျက်ပြလိူက်ပါပြီ။

(၂၇)နှစ်အရွယ်ကစားသမားက ပွဲစားရဲ့စကားတွေကို ဆန့်ကျင်ပြောဆိုတာမျိုးမလုပ်ခဲ့ဘဲ သူဟာ မန်ယူဟာ ပျော်ပျော်ရွှင်ရွှင်ရှိနေတယ်ဆိုတာကို အားလုံးသိအောင်လို့ ပုံတွေနဲ့ပဲ သက်သေပြခဲ့တဲ့သဘောမျိုးလုပ်ခဲ့ တာဖြစ်ဖွယ်ရှိပါတယ်။

ပွဲစားရိုင်အိုလာက အီတလီသတင်းစာ Tuttosport နဲ့ အင်တာဗျူးအတွင်းမှာ “ကျနော် ပြောနိုင်တာကတော့ ပေါလ်ပေါ့ဂ်ဘာနဲ့ မန်ယူနိုက်တက်ပြီးဆုံးသွားပါပြီ။ မန်ယူမှာ ပေါလ်မပျော်တော့ဘူး။ သူ ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့ ကစားသွားဖို့ မဖြစ်နိုင်တော့ဘူး။ သူမျှော်လင့်သလို ဖြစ်မလာဘူး။ ပေါလ်အသင်းသစ်လို နေပြီအပြောင်းအလဲပေါ့။ နောက်ထပ်(၁၈)လ စာချုပ်ရှိနေသေးတယ်။ ၂၀၂၂၊ နွေရာသီမှာ စာချုပ်ကုန်ဆုံးပါ လိမ့်မယ်”

“ဒါပေမယ့်လည်း ပေါလ်နဲ့ မန်ယူအတွက် အကောင်းဆုံးထွက်ပေါက်ကတော့ လာမယ့်ဇန်နဝါရီဈေး ကွက်မှာ သူအသင်းပြောင်းဖို့ပါပဲ။ မဟုတ်ရင်တော့ အိုးလ်ထရက်ဖို့ဒ်ကလပ်အနေနဲ့ သူ့ကိုအလွတ်ပြောင်းရွှေ့ ကြေးနဲ့ လွတ်ရမယ့် အနေအထားရင်ဆိုင်ရလိမ့်မယ်။ သူက စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိလို့ပါ။

မန်ယူ ဘုတ်အဖွဲ့က ကစားသမားတစ်ယောက် စာချုပ်တိုးချင်စိတ်မရှိတော့ရင် အလွတ်ပြောင်းခွင့်ပေးရမယ့် ဘေးကို သိကြပါတယ်။ အဲဒါကို တစ်စုံတစ်ယောက်က နားမလည်ဘူးဆိုရင် အဲဒါက သူတို့ဘောလုံးလောကကို နားမ လည်လို့ပဲဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တကယ်လို့ ပေါလ်အသင်းပြောင်းသွားလို့ရှိရင် အဲဒါ သူတို့ကိုသာအပြစ် တင်ကြပေတော့ပဲ”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

Leave a Comment

Your email address will not be published.