နီမန်ဂျာဗီဒစ် ကို ၁၉၈၁ခုနှစ် အောက်တိုဘာ ၂၁ရက်နေ့မှာ ယူဂိုဇလားဘီးယားက အီတိုဘူဇီရှီမြု့မှာ မွေးဖွားခဲ့ပါတယ်၊
သူ့အဖေက ကြေးနီစက်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်၊။

သူဟာ အသက်၆နှစ်အရွယ်မှာ ဥဇီဆီ အသင်းမှာ အကိုဖြစ်သူနဲ့‌ဘောလုံးပညာကို စတင်သင်ကြားခဲ့တာပါ၊ အသက်၁၂နှစ်မှာတော့ ယူဂိုးဇလားဘီးယားပြိုကွဲချိန်မှာတော့ ဘောလုံးပညာနဲ့ အဆက်အသွယ် ခနပြတ်တောက်ခဲ့ရပါတယ်။အဲဒီနောက် ရက်စတားဘဲလ်ဂရိတ်ဒ်အသင်းရဲ့ လူငယ်အကယ်ဒမီတွေကို တက်ရောက်ခဲ့ပါတယ်၊ ဗီဒစ် ၁၅နှစ်အရွယ်မှာတော့ ၂နှစ်စာချုပ်နဲ့ လူငယ်အသင်းမှာ ကစားခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စပါးတပ် ဆပ်ဘောတီကား အသင်းမှာအဌားသွားရောက်ကစားခဲ့ပြီးအသင်းကိုပြန်လာချိန်မှာ စီနီယာ အသင်းကြိးမှာ နေရာပုံမှန်ရလာခဲ့ပါတယ်။

သူဟာ ၂၀၀၄ခုနှစ်မှာတော့ ရရှား ပရိမီးယားလိဂ်ဖြစ်တဲ့ စပါးတပ်မော်စကို အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတော့တယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးကို တရားဝင်ထုတ်ဖော်ခြင်းမရှိခဲ့ပေမယ့် ရရှားပရီးယားလိဂ် သမိုင်းတစ်လျောက် ပြောင်းရွေ့ကြေးအမြင့်မားဆုံး ဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။သူဟာ အဲ့ဒီအသင်းမှာ ၂၀၀၄ကနေ ၂၀၀၆ခုနှစ်အထိ ပွဲပေါင်း ၃၉ပွဲကစားပြီး ၄ဂိုးသွင်းယူခဲ့ပါတယ်။ ဗီဒစ် ဟာ၁၉၈၉ ကနေ ၂၀၀၀ခုနှစ်အထိ လူငယ်ကလပ် ၃ခုမှာကစားခဲ့ပြီး ၂၀၀၀ခုနှစ်ကနေ ၂၀၀၆ထိ အသင်းကြီး ၃ခုမှာကစားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ၂၀၀၆ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကြီဂကို ရောက်ရှိလာခဲ့ပြီး မန်ယူအသင်းက သူ့ကို ပေါင် ၇သန်းနဲ့ခေါ်ယူခဲ့တာပါ။

သူ့ကိုမန်ယူက ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပြီး ၂နှစ်ခွဲစာချုပ်နဲ့ရောက်ရှိလာတဲ့ ဗီဒစ်ဟာကျောနံပါတ် ၁၅ကို ဝတ်ဆင်ခဲ့ပါတယ်၊။ လိဒ်ဖလား ဆီးဖီဖိုင်နယ်အဖြစ်ဘလက်ဘန်းနဲ့ကစားတဲ့ပွဲမှာနစ်စတယ်ရိုင်းနေရာမှာ မန်ယူအတွက် ပထမဆုံးလူစားဝင်ကစားခဲ့ပါတယ်။၂၀၀၆ ၂၀၀၇ ဘောလုံးရာသီမှာတော့ ရီယိုဖာဒီနန်နဲ့တွဲဖက်ကစားခဲ့ပြီးတော့ အဲ့ဒီအတွဲကဥရောပရဲ့ အကောင်းဆုံးခံစစ်အတွဲလို့ သတ်မှတ်ရလောက်တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်၊ သူဟာယူနိုက်တက်ပရီတ်သတ်တွေအတွက် နှလုံးသားထဲက ထုတ်မရနိုငတဲ့ စစ်သူရဲတစ်ဦးဖြစ်ခဲ့ဖူးပါတယ်၊ဂိုးပေးရနိုင်ခြေရှိတဲ့ တည်ကန်ဘော အမြင့်ဘောမှန်သမျှကို အမှားကင်းကင်းနဲ့ ရှင်းထုတ်တတ်သူ အဝင်အထွက်ကြမ်းကြမ်း ခံစစ်ကစားတတ်သူ ဗီဒစ်ဆိုတာကာစရာမရှိတာ့တဲ့အချိန်မှာတောင် ခေါင်းထိုးခံတဲ့ သရဲနီစိတ်ဓါတ်ပြင်းထန်တဲ့ ကစားသမားမျိုးဖြစ်ခဲ့ပါတယ်၊ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတွေ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားတွေရဲ့ဈေးဟာ အဲ့ဒီအချိန်တုန်းက အမြင့်ဆုံးမှာ နေရာယူထားပေမယ့် ဗီဒစ်လိုကစားသမားမျိုးကို ပေါင်၇သန်းနဲ့ရခဲ့တာဟာ ဖာဂူဆန်အတွက် အြမ်တ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်၊ သူရောက်လာချိန်က ယူနိုက်တက်ကိုပြန်ကြည့်ရင် ပြည်တွင်းဖလားမရတာ ၃နှစ်ရှိနေတဲ့အချိန်ဖြစ်နေခဲ့ပါတယ်,။

ဗီဒစ်ကမန်ယူကို ရောက်ကာစမှာ အသင်းနဲ့အံ့မဝင်ခဲ့သလိုပရီတ်သတ်တွေကလည်း နှစ်သက်ခြင်းမရှိခဲ့ပါဘူး၊ ဒါပေမယ့်လည်း ဗီဒစ်က ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်၊၂၀၀၆ ၂၀၀၇ ရာသီမှာယူနိုက်တက်ရဲ့ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်၊ နောက်ထပ် ဘ၄နှစ်အတွင်းမှာလည်း ပရိမီးယားလိဂ်ဖလား ၃လုံးနဲ့အတူ ဖာဒီနန် ဗီဒစ်အတွဲဟာ ဟိုးအရင် ၉၀ခုနှစ်တွေတုန်းကအတိုင်း ကြောက်စရာကောင်းတဲ့ ခံစစ်အတွဲလိုမျိုးပြန်ဖြစ်လာခဲ့တာပါ။

ဗီဒစ်ဟာ မန်ယူအသင်းအတွက် ၉ရာသီကြာကစားခဲ့ပြီး ပွဲပေါင်း ၃၀၀မှာ ၂၁ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်၊မန်ယူနဲ့အတူ ပရီးမီယားလိဂ် ၅ကြိမ် လိဒ်ဖလား၃ကြိမ် ပြည်တွင်းကွန်မြူနတီဖလား ၅ကြိမ်ချန်ပီယံလိဒ်တဟ်ကြိမ်နဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်၊၂၀၁၄ခုနစ်မှာတော့ မန်ယူအသင်းရဲ့ စာချုပ်သက်တမ်းမတိုးတော့တဲ့ ဗီဒစ်ကို အင်တာမီလန်အသင်းက ခေါ်ယူခဲ့ပါတယ်။သူက အဲ့ဒီနစ် ဿဂုတ်လ ၃၁ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပိုဘီနို အသင်းနဲ့ပွဲမှာအင်တာနဲ့အတူ စတင်ပွဲဦးထွက်ကစားခဲ့ပြီး အင်တာမီလန်အသင်းအတွက် ပထမဆုံးပွဲမှာ ပထမဆုံးအနီကဒ်ကိုရရှိခဲ့ပါတယ်။သူဟာ အင်တာမီလန်အသင်းမှာတော့ မန်ယူအသင်းမှာတုန်းကလို သူ့ရဲ့အကောင်းဆုံးကစားသမားဘဝအချိန်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ပဲ အရန်ကစားသမားအဖြစ်သာပါဝင်ကစားခဲ့ပြီး ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိသွားပါတော့တယ်။ဒဏ်ရာတွေနဲ့လုံးပမ်းရင် သူဟာစိတ်ဖီစီးမှုဒဏ်ကို မခံနိုင်တော့တဲ့ အဆုံးမှာတော့ ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူသွားခဲ့ပါတော့တယ်။

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဆားဘီးယားလက်ရွေးစင်ကစားသမားဟာ၂၀၀၂ မှ ၂၀၁၁ အထိ ဆားဘီးယားလက်ရွေးစင် အသင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့ပါသေးတယ်။။သူဟာ မန်ယူအသင်းမှာ ကစားစဉ်တစ်လျှောက် ၃နှစ်ဆက်ပရီးမီးယားလိဂ်ဖလား ၃ခု(စုစုပေါင်း လေးခု)၊ ချန်ပီယံလိဂ်ဖလား ၁ခု၊ ကမ္ဘာ့ကလပ်ချန်ပီယံဆုတစ်ခု၊ ကားလင်းဖလား ၃ခုနှင့် ပရီးမီးယားလိဂ်အကောင်းဆုံး အသင်းဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သလို

၂၀၀၈ ၂၀၀၉ဘောလုံးရာသီတွင် သူသည် မန်ယူကို ၁၄ပွဲဆက် ပေးဂိုးမရှိအသင်းဖြစ်အောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြင့်ချင်းခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်.,ဒါ့အပြင်သူဟာ ပရိတ်သတ်များမှ ပေးသော အကောင်းဆုံးကစားသမားဆု နှင့် ကစားသမားများမှ ပေးသော အကောင်းဆုံးကစားသမားဆုတို့ကို လည်း ရရှိခဲ့သူတစ်ဦးပါ၊

၂၀၁၀ ၁၁ ဘောလုံးရာသီမှာ ဗီဒစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့အသင်းခေါင်ဆောင် ဂယ်ရီနဗီး ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် မန်ယူ အသင်းခေါင်းဆောင်အသစ်အဖြစ် အပ်နှင်းခြင်းခံခဲ့ရပါတယ်။သူဟာလက်ရှိ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမား ဆုကို လက်ခံထားသူလည်းဖြစ်သလို သူကစားခဲ့တဲ့ချိန်တွေတွင်းဘောလုံးလောကအတွက် အမွေနှစ်တစ်ရပ်အဖြစ်ချန်ရစ်ထားပေးခဲ့နိုင်ပါတယ်။

ဒါတွေကိုကျွန်တော်တို့က သမိုင်းမှတ်တမ်းတစ်ခုအဖြစ်ပြန်ပြောနေကျတုန်းပဲဖြစ်ပါတယ်…..ဘောလုံးပရိတ်သတ်တစ်ယောက်အတွက်တော့ ဒီလိုကစားသမားကောင်းတွေဆိုတာ မေ့ထားလို့မရတဲ့အတွက် ဗီဒစ်ရဲ့ရွှေရောက်တောက်ခဲ့တဲ့နေ့တွေအဖြစ်ပြန်တင်ဆင်ပေးလိုက်ရတာပဲဖြုစ်ပါတယ်

Htet Mg

Leave a Comment

Your email address will not be published.