ကျွန်တော်တို့ဟာမန်ယူဆိုတဲ့အဆင့်တန်းမျိုးမဟုတ်ခဲ့ဘူးဆိုပြီးအသင်းဖေါ်တွေကိုအပြစ်တင်ခဲ့တဲ့မက်ဂွိုင်းယား

မန်ယူအသင်းရဲ့အသင်းခေါင်းဆောင်မက်ဂွီုင်းယားက ယမန်နေ့ညကလိုက်ဇစ်အသင်းကို ၃-၂နဲ့ရှုံးနိမ့်ပြီမန်ယူအသင်းအသင်းချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာသွားပြီးနောက်ပိုင်းမှာ BT Sportနဲ့အင်တာဗျူးဖြေကြားခဲ့ပြီးအဆိုပါအင်တာဗျူးမှာ၎င်းရဲ့မန်ယူအသင်းဖေါ်တွေကိုဝေဖန်သွားခဲ့ပါတယ်။

မက်ဂွိုင်းယားက ကျွန်တော်တို့ကပွဲကိုဆိုးဆိုးရွားရွားကိုစတင်ခဲ့တာ။အရမ်းနှေးလွန်းတယ်။အဲ့လိုကစားပုံချန်ပီယံလိဂ်ပြိုင်ပွဲအတွက်၏မလုံလောက်ပါဘူး။ပထမမိနစ်၂၀ဟာ အလွန်အခြေနေဆိုးပါတယ်။သူတို့ပင်နယ်တီဧရီယာထဲကိုနှစ်လုံးရောက်တာကျွန်တော်တို့နှစ်ဂိုးပေးလိုက်ရတယ်ဆိုတော့စဉ်းစားသာကြည့်ပါတော့။

ကျွန်တော်တို့အလွန်အကျွံစိတ်လှုပ်ရှားနေကြတာအခြေနေဆိုးပါ။၂-ဝဖြစ်နေချိန်မှာဘောလုံးကိုတည်ငြိမ်အောင်မထားနိုင်ခဲ့ကြဘူး၃-ဝကတော့ ကျွန်တော်တို့အဆုံးသတ်ကိုရောက်သွားစေတာပါဘဲ

တတိယဂိုးမှာအဆုံးသတ်သွားစေသလိုကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပါ။ကျွန်တော်တို့ဘောလုံးကစားနည်းရဲ့အခြေခံအချက်လေးကိုတောင်မလိုက်နာနိုင်ခဲ့ကြဘူး။ဖြတ်တင်ဘောတွေကို ဘာကွယ်ဖို့မကာကွယ်နိုင်ရင်ရှုံးမှာပါဘဲ၊အခုတော့အုပ်စုအဆင့်ကနေနှုတ်ဆက်ရပါပြီ။ကျွန်တော်တို့ဟာမန်ယူဆိုတဲ့အဆင့်အတန်းမျိုးမှာရှိမနေခဲ့ပါဘူးလို့အပြစ်တင်သွားခဲ့ပါတယ်။

မန်ယူအသင်းဟာအခုဆိုရင်ချန်ပီယံလိဂ်ကနေပြုတ်ခဲ့ပြီးယူရိုပါလိဂ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး။အသင်းရဲ့အဓိကကစားသမားပေါ့ဘာရဲ့အပြောင်းအရွှေ့သတင်းကြောင့်လည်းအသင်းအတွင်းမတည်မငြိမ်ဖြစ်နေပါတယ်။

Leave a Comment

Your email address will not be published.