ဆိုးရှားဟာပွဲကြီးတွေမှာ တိုးမရဘူးဟု ကာရေဂါဝေဖန်

မန်ယူအသင်းဟာယမန်နေ့ညကအဝေးကွင်းမှာယှဉ်ပြိုင်ခဲ့တဲ့ချန်ပီယံလိဂ်အဝေးကွင်း ပွဲစဉ်မှာ ဂျာမန်ကလပ်အသင်းလိုက်ဇစ်ကို ၃-၂ရလာဒ်နဲ့ရှုံးနိမ့်ကာ ချိန်ပီယံလိဂ်အုပ်စုအဆင့်ကနေထွက်ခဲ့ရပါပြီ။မန်ယူအသင်းဟာ အဖွင့်ပွဲစဉ်နှစ်ပွဲမှာအဓိကပြိုင်ဘက်တွေကို အနိုင်ရခဲ့ပေမယ့် တတိယပွဲစဉ်ဖြစ်တဲ့အစ္စတန်ဘူလ်အသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ ပြိုင်ဘက်ကို အထင်သေးစွာယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ့်ခဲ့တဲ့ဖြစ်စဉ်ကြောင့် အခုချိန်မှာပေးဆပ်မှုကြီးမားခဲ့ရတာပါ။

မန်ယူအသင်း ဟာပြိုင်ဘက်PSGအသင်းနဲ့ ရမှတ်တူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အိမ်ကွင်းပေးဂိုးများခဲ့တာကြောင့် အခုလိုချန်ပီယံလိဂ်ကနေနှုတ်ဆက်ပြီးယူရိုပါလိဂ်ကို ဆင်းကန်ရတော့မှာပါ။မန်ယူအသင်းဟာ အရေးကြီးပွဲစဉ်တွေကို အနိုင်မရတာအခုမှ မဟုတ်ဘဲ မနှစ်ကထဲက ဆီးမီးဖိုင်နယ်ပွဲစဉ်သုံးပွဲရှုးနိမ့်ဘူးပါတယ်။

ယနေ့ပွဲစဉ်မှာ လည်းနည်းပြဆိုးရှားက သရေကန်မယ်ဆိုတာမန်ယူရဲ့ဒီအန်အေမဟုတ်ဘူးလို့ပြောကြားခဲ့ပေမယ့် တကယ်ပွဲထွက်လာချိန်မှာ နောက်ခံကစားသမားငါးဦးနဲ့ကွင်းလယ်ခံစစ်သမား နှစ်ဦးအပါအဝင်နောက်တန်းအတွက် နောက်တန်းအတွက် ကစားသမား၇ဦးထိထည့်သွင်းပြီးခံစစ်ကိုကာကွယ်ဖို့ပြင်ဆင်လာတာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည့် လျှင်မြန်တဲ့လိုက်ဇစ်အသင်းရဲ့ကစားဟန်ကြောင့် ပထမပိုင်းမှာဘဲနှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပြီးဒုတိယပိုင်းမှာနောက်တစ်ဂိုးထပ်ပေးရကာသုံးဂိုးပြတ်အနေထားကနေနှစ်ဂိုးပြန်သွင်းခဲ့ပြီး၃-၂ဂိုးနဲ့၇ှ့ုံးနိမ့်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်နဲ့ပါတ်သတ်ပြီး လီပါပူလ်းကစားသမားဟောင်း ကာရေဂါက BT Sportနဲ့ ဘောလုံးဝေဖန်ရေးအစီအစဉ်မှာ ငါးဂိုးပြတ်နဲ့နိုင်ထားတဲ့အသင်းကို ဘယ်လိုပြန်ကစားရမယ်ဆိုတာဆိုးရှားအနေနဲ့တွေဝေနေပုံရပါတယ်။လက်ရှိမန်ယူဟာ ပြိုင်ပွဲကြီးတွေမှာ မလုံလောက်ပါဘူး။သူတို့အဲ့ဒိပြသနာကိုပြုပြင်ပြောင်းလဲဖို့လိုနေပါပြီ။ဆိုးရှားကို အပြစ်တင်တာမဟုတ်ပါဘူး။မလုံလောက်ဘူးဆိုတာရှင်းနေတာပါဘဲလို ဆိုသွားပါတယ်။

Leave a Comment

Your email address will not be published.