ဒီဂီယာလိုဂိုးသမားအတွက်တော့ ဒီအမှားမျိုးတွေရာဇဝတ်မှုကျူးလွန်သလိုပါဘဲဟုပေါစခိုလ်းအပြစ်တင်ခဲ့ပါတယ်…

မန်ယူအသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီးပေါလ်စခိုလ်းက မန်ယူအသင်းဟာ လိုက်ဇစ်အသင်းကို အဝေးကွင်းမှာ၃-၂ရလာဒ်နဲ့ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့အပေါ်မှာ အသင်းရဲ့နောက်တန်းနဲ့ဂိုးသမားဒီဂီယာကို အပြစ်တွေအကြောင်းကို ပြောပြခဲ့ပါတယ်..

လိုက်ဇစ်အသင်းကို ပေးလိုက်ရတဲ့တတိယဂိုးမှာ ဒီဂီယာရဲ့ရုပ်ပျက်ဆင်းပျက်အနေထားကို ဝေဖန်ခဲ့ပြီး ဒီလိုအမှားမျိုးဟာ ဒီဂီယာလိုဂီုးသမားမျိုးအတွက် မန်ယူကို သတ်လိုက်တာနဲ့ အတူတူဘဲလို့ဒေါသတကြီးပြောသွားခဲ့ပြီးပေးခဲ့ရတဲ့သုံးဂိုးလုံးဟာနောက်တန်းကော ဂိုးသမားကော မဆင်မခြင်မှုတွေကြောင့်လို့ ရှင်းပြသွားခဲ့ပါတယ်..

စခိုလ်း တတိယဂိုးမှာ ဒီဂီယာဟာ သူ့ကိုယ်သူနာမှာစိုးလို့တဖက် ကစားသမားကိုရှောင်လိုက်တယ်လို့စွတ်စွဲခဲ့ပြီး ဖြတ်တင်ဘောကို ကြည့်နေတဲ့မက်ဂွီုင်းယားကလည်း နောက်တန်းကအရုပ်ကြီးလိုတောင်ဖြစ်နေတယ်လို့လှောင်ပြောင်သွားခဲ့ပါသေးတယ်။ကျနော်တို့ သူငယ်ချင်းကြီး ဗီဒစ်တို့ ဖာဒီနန်တို့ဆို ဂိုးမပေးဘူး ခေါင်းထိုးခံပြီး ခေါင်းတွေကွဲခဲ့တဲ့ပွဲတွေ မနည်းခဲ့ဘူးဆိုပြီးလည်း ထပ်ဆင့်ပြောပြခဲ့ပါသေးတယ်…

မန်ယူအသင်းဟာယမန်နေ့ညကအဝေးကွင်းမှာယှဉ်ပြိုင်ခဲ့တဲ့ချန်ပီယံလိဂ်အဝေးကွင်း ပွဲစဉ်မှာ ဂျာမန်ကလပ်အသင်းလိုက်ဇစ်ကို ၃-၂ရလာဒ်နဲ့ရှုံးနိမ့်ကာ ချိန်ပီယံလိဂ်အုပ်စုအဆင့်ကနေထွက်ခဲ့ရပါပြီ။မန်ယူအသင်းဟာ အဖွင့်ပွဲစဉ်နှစ်ပွဲမှာအဓိကပြိုင်ဘက်တွေကို အနိုင်ရခဲ့ပေမယ့် တတိယပွဲစဉ်ဖြစ်တဲ့အစ္စတန်ဘူလ်အသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ ပြိုင်ဘက်ကို အထင်သေးစွာယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ့်ခဲ့တဲ့ဖြစ်စဉ်ကြောင့် အခုချိန်မှာပေးဆပ်မှုကြီးမားခဲ့ရတာပါ။

မန်ယူအသင်း ဟာပြိုင်ဘက်PSGအသင်းနဲ့ ရမှတ်တူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အိမ်ကွင်းပေးဂိုးများခဲ့တာကြောင့် အခုလိုချန်ပီယံလိဂ်ကနေနှုတ်ဆက်ပြီးယူရိုပါလိဂ်ကို ဆင်းကန်ရတော့မှာပါ။မန်ယူအသင်းဟာ အရေးကြီးပွဲစဉ်တွေကို အနိုင်မရတာအခုမှ မဟုတ်ဘဲ မနှစ်ကထဲက ဆီးမီးဖိုင်နယ်ပွဲစဉ်သုံးပွဲရှုးနိမ့်ဘူးပါတယ်။

BT Sport

Leave a Comment

Your email address will not be published.