ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက် ဒီရာသီပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ဦးဆောင်နေပါတယ်။

ယူနိုက်တက်ဟာ အုပ်စုပွဲစဉ်တွေမှာရလဒ်တွေကောင်းခဲ့ပေမယ့် မနေ့ညက ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်အသင်းကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ထွက်ခွာခဲ့ရကာ ယူရိုပါလိဂ်ကို တန်းဆင်းခဲ့ရပါတယ်။

လိုက်ပ်ဇစ်အသင်းကတော့ အိမ်ကွင်းမှာယူနိုက်တက်ကိုအကောင်းဆုံးတုံ့ပြန်ခဲ့ပြီး ပထမပိုင်းမှာတင် ၂-၀ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ထားခဲ့တာဖြစ်ပါတယ်။

လောင်းကြေးဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခင်ကထုတ်ပယ်ခံရဖို့ ၉ လေး ၁ လေးရှိနေရာကနေ အခုအချိန်မှတော့ ၂ လေး ၁ လေးအထိဖြစ်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပိုချက်တီနိုကတော့ ယူနိုက်တက်နည်းပြဖြစ်လာဖို့ ၄ လေး ၉ လေးရှိနေပြီး ဘရန်ဒန်ရော်ဂျာကတော့ ယခင်က ၁၈ လေး ၁ လေးကနေ ၉ လေး ၁ လေးဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီပထမပိုင်းပွဲကစားချိန်အတွင်း အထနှေးမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ၁-၀ ဂိုးနဲ့အနိုင်ရရရှိပြီးနောက် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိနောက်ကနေ လိုက်ကစားပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီအိုးထရက်ဖို့ဒ်မှာ ရလဒ်တွေမကောင်းဘဲ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်မှာဆက်ရှိဖို့ဆိုရင် ရလဒ်ကောင်းတွေရယူနိုင်ဖို့ လိုအပ်နေပါတယ်။

ဆိုးလ်ရှားရဲ့နောက်မှာတော့ ရှက်ဖီးလ်ယူနိုက်တက်နည်းပြ ခရစ္စဝိုင်လ်ဒါက အဖွင့်ပွဲ ၁၁ ပွဲမှာ ၁ မှတ်ပဲရယူနိုင်ခဲ့ပြီး ၁၁ လေး ၄ လေး နဲ့ ရပ်တည်နေပါတယ်။ ဒ့ါအပြင် ဝက်စ်ဘရွန်းနည်းပြ ဘီလစ်ကလည်း တန်းတက်လာပြီးနောက် ရုန်းကန်နေခဲ့ရတာကြောင့် အထုတ်ပယ်ခံရမယ့် တတိယနေရာမှာ ၄ လေး ၁ လေးနဲ့ရပ်တည်နေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၃ မှတ်သာရယူနိုင်ခဲ့တာကြောင့် ၁၁ လေး ၂ လေး နဲ့ ထုတ်ပယ်ခံရမယ့် ၄ ယောက်နည်းပြနေရာမှာ ရပ်တည်နေပါတယ်။ ဖူလ်ဟမ်နည်းပြ စကော့တ်ပါကားကလည်း ၁၅ လေး ၂ လေးနဲ့ နောက်ထပ်ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ်ရှိနေပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အခုလာမယ့်စနေနေ့မှာ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီကို ဆင်နွှဲရမှာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ အင်္ဂါနေ့ကအရှုံးဟာ သူ့မှာတာဝန်အပြည့်ရှိနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။နည်းပြတစ်ဦးအနေနဲ့ ရလဒ်ပိုင်းအတွက် အသင့်ရှိနေပါတယ်။ ၂ ဂိုးပေးလိုက်ရတာက တော်တော်ဆိုးပါတယ်။

ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ သူတို့က အကောင်းဆုံးစွမ်းဆောင်ခဲ့ပါတယ်”လို့ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

MCash

Leave a Comment

Your email address will not be published.