ပေါ့ဘာကိုဂျူဗင်တတ်အသင်းကချစ်မြတ်နိုးနေဆဲပါလို့အကြောင်းပြန်လိုက်တဲ့ ဂျူဗင်တတ်အမှုဆောင်အရာရှိချုပ်

မန်ယူအသင်းနဲ့လမ်းခွဲစကားတွေအသံကျယ်လောင်နေပြန်တဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားပေါ့ဘာဟာ တကယ်လို့မန်ယူအသင်းထွက်ခွါဖြစ်ခဲ့ရင် သွားစရာအသင်းများများစားစားမရှိဘဲ ပြင်သစ်ကလပ်အသင်းPSG၊စပိန်ကလပ်ရီးရဲမက်ဒရစ်အသင်းနဲ့အသင်းဟောင်းဂျူဗင်တတ်အသင်းသုံးသင်းသာရှိတာကြောင့် ပေါ့ဘာရဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်တိုင်းဆိုပါအသင်းတွေဟာ တရားခံဖြစ်နေတတ်တာတော့မဆန်းလှပါဘူး။

အခုတကြိမ်မှာတော့ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူရိုင်းအိုလာ ပေါ့ဘာဟာမနယူအသင်းမှာ ဆက်မနေချင်တော့တဲ့အတွက် အသင်းကသူ့ကိုရောင်းချခြင်းမပြုခဲ့ရင် အသင်းရဲ့စာချုပ်လက်ကျန်၁၈လကစားပြီးရင်ကစားသမားကအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာသွားမယ်လို့ပြောကြားလိုက်မှုဟာ ပေါ့ဘာနဲ့ပါတ်သတ်ပြီးသတင်းအရှိန်မြှင့်လိုက်သလိုဖြစ်နေပါပြီ။

ထ်ုအချိန်မှာဘဲ ပေါ့ဘာရဲ့အသင်းဟောင်းဖြစ်ပြီး ပေါ့ဘာကိုပြန်လည်ခေါ်ယူမယ်လို့သတင်းကြီးနေတဲ့ဂျူဗင်တတ်အသင်းအမှုဆောင်အရာရှိချုပ် ဖာဘီယိုပါရာတစ်ီကို Sport Mediasetက ပေါ့ဘာအပြောင်းအရွှေ့နဲ့ပါတ်သတ်ပြီးမေးမြန်းရာမှာ ပေါ့ဘာကို ဂျူဗင်တတ်အသင်းကချစ်မြတ်နိုးနေဆဲဆိုတာပြောပါရစေ။ဒါပေမယ့် ပေါ့ဘာက မန်ယူအသင်းကစားသမားပါ။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ကစားသမားမဟုတ်ပါဘူး။သူ့တန်ကြေးဘယ်လောက်ရှိတယ် ကျွန်တော်တို့သိပါတယ်။ဘာတွေဖြစ်လာနိုင်လည်းကတော့စောင့်ကြည့်ရမှာလို့ဆိုသွားပါတယ်။ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကဂျူဗင်တတ်အသင်းကနေမန်ယူအသင်းကို ပေါင်၈၉သန်းနဲ့ပြန်လည်ပြောင်းရွှေ့လာပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်သူ့ကိုခေါ်ယူခဲ့တဲ့နည်းပြမော်ရင်ဟိုနဲ့ ပင်အဆင်မပြေဖြစ်ကာမော်ရင်ဟိုကိုမန်ယူအသင်းက ထုတ်ပါယ်အောင်ပေါ့ဘာဦးဆောင်ပြီး လှုပ်၇ှားခဲ့တာ်လို့တောင်သတင်းတွေထွက်ပေါ်ခဲ့ဘူးပါတယ်။

မော်ရင်ဟိုကလည်း ပေါ့ဘာဟာအသင်းကိုဖျက်ဆီးနေတဲ့ဗိုင်းရက်လို့ပြောဆိုခဲ့ပြီးပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း အပြောင်းအရွှေ့ရာသီရောက်တိုင်း ပေါ့ဘာကို အသင်းပြောင်းရွှေ့အောင်အမျိုးမျိုးပြောဆိုနေတဲ့သတင်းတွေကလည်း မကြာခဏဆိုသလိုထွက်ပေါ်နေကျဖြစ်နေပါတယ်။

Leave a Comment

Your email address will not be published.