“ဆာအဲလက်တောင်အုပ်စုပြုတ်ဖူးတယ် ဆိုလ်းရှာကျမှ ထွက်စေချင်ဆုတောင်းလို့ နဗီးလ်ပြော”

မန်ချက် စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖိလစ် နဗီးလ် ဟာ ဖိအားတွေ ကြုံတွေ့ နေရတဲ့ လက်ရှိ ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးရှား အပေါ် အပြည့် အ၀ ထောက်ခံ သွားခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက လိုက်ပ်ဇစ် အသင်း ကို ရှုံးနိမ့် ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာ လာခဲ့ ရပြီပဲ ဖြစ် ပါတယ် ။

နောက်ဆုံး ပွဲစဉ် ၂ ပွဲ မတိုင်ခင် မှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ နောက်တစ်ဆင့် တက်ဖို့ ၁ မှတ်သာ လိုအပ် ခဲ့ပေမယ့် PSG ၊ လိုက်ပ်ဇစ် တို့ နဲ့ ပွဲတွေ မှာ ဒီ အမှတ်တွေ ကို မရှာဖွေ နိုင်ခဲ့ ပါဘူး ။ ဒါကြောင့် အင်္ဂါနေ့ ည ပွဲ အပြီးမှာတော့ ဆိုးရှား နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ ဟာ ယူရိုပါလိဂ် ကို သက်ဆင်း ခဲ့ကြရ ပါတယ် ။

ဒီလို မတည်ငြိမ် တဲ့ ရလဒ်တွေ ဖြစ်ပေါ် ကာ အထုတ်ခံ ရဖို့ ရေပန်း စားနေ ပေမယ့် မန်ချက် စတာ ယူနိုက်တက် ဟာ ဆိုးရှား နဲ့ ၉ နှစ်ကြာ တွဲ ကစား လာခဲ့တဲ့ ဖိလစ် နဗီးလ် ကတော့ ဆာအဲလက်တောင်အုပ်စုကလှည့်ပြန်ရသေးတယ်ဆိုးလ်းရှားကိုထွက်စေချင်ဆုတောင်းလို့ဆိုးရှား အထုတ်ခံ ရမှာ မဟုတ်ကြောင်း အပြည့်အ၀ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

အပြင်မှာ ထွက်နေတဲ့ သတင်းတွေ နဲ့ ကလပ် အတွင်းက အခြေအနေ တွေက တခြားစီပါ ၊ ဆိုးရှား ဘယ်လို နည်းနဲ့ မှ အထုတ်ခံ ရမှာ မဟုတ်ပါဘူး ။ သူ အလုပ်ပြုတ် ဖို့ ဆိုရင် တစ်သင်းလုံးကို ပြုစား နိုင်မှပဲ ဖြစ်မှာပါ” လို့ ဘီဘီစီ သတင်း ဌာန ရဲ့ Radio 5 Live အစီအစဉ် မှာ ဖိလစ် နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ချန်ပီယံ လိဂ် ကနေ ထွက်ရတာ ရင်နာ စရာပါ ၊ စိတ်ပျက် စရာလည်း ကောင်းပါတယ် ။ ဒါပေမယ့် ကမ္ဘာ ပျက်တာတော့ မဟုတ်ပါဘူး ။ အိုလေး ရဲ့ ရှေ့ မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေ လှည့်ပြန် ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြတွေ အများကြီး ရှိခဲ့ ပါတယ် ။ ဆာအဲလက်စ် တောင်မှ အပြန်စောရတဲ့ အလှည့်တွေ ရှိခဲ့ တာပါ”

ဖိလစ် နဗီးလ် ကတော့ ချန်ပီယံ လိဂ် ကနေ ထွက်ခဲ့ ရမှု ဟာ စိတ်ပျက် စရာ ဖြစ်ပေမယ့် လုံး၀ ကပ်ဆိုး ကျရောက် တာမျိုးတော့ မဟုတ်ကြောင်း နဲ့ ဆာအဲလက်စ် အပါအဝင် ဆိုးရှား အရှေ့က မန်ယူနိုက်တက် နည်းပြ တွေလည်း ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ ရဖူးကြောင်း ပြောဆိုရင်း အသင်းဖော်ဟောင်း ကို ကာကွယ် ပေးသွားခဲ့ တာပါ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် စနေနေ့ မှာ မန်ချက်စတာ မြို့ခံ မန်စီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ကနေ ထွက်ခွာ ခဲ့ရမှု ကို ပြန်လည် ဖာထေး နိုင်ဖို့ အတွက် ပက် ဂွာဒီယိုလာ ရဲ့ အသင်းကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ် လာခဲ့ ပါတယ် ။

“တကယ်လို့ လာမယ့် စနေနေ့ မှာသာ မန်စီးတီး ကို ( မန်ချက်စတာ ယူနိုက်တက် က ) နိုင်လိုက် မယ်ဆိုရင် အိုလေး ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်း ပေါ်ကို ရောက်လာ တော့ မှာပါ ။ ဒါဟာ သူတို့ အသင်း အတွက် ကြီးမားတဲ့ အလှည့် အပြောင်း ဖြစ်လာ စေမှာပါ”

ချန်ပီယံလိဂ်ပြုတ်စေခဲ့တဲ့ လိုက်ဇက်စ်ပွဲနဲ့ပက်သက်ပြီးတော့ဝေဖန်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့လက်ရှိအခြေအနေကိုလည်း နဗီးလ်က ခုလိုပြောဆိုသွားခဲ့ပါတယ်။
“လိုက်ပ်ဇစ် နဲ့ ပွဲ အစ မိနစ် ၃၀ လောက်မှာ သူတို့ ကစားပုံ ညံ့ခဲ့ ကြပါတယ် ။ ဒီအတွက် သူတို့ အပြစ်ပေး ခံခဲ့ ရတာပါပဲ ။ လက်တလော မှာတော့ ချန်ပီယံလိဂ် ကနေ ထွက်ရတာ ဟာ သူတို့ အတွက် လက်ခံဖို့ ခက်ခဲ နေမှာပါ ။ ဒါပေမယ့် ယူရိုပါလိဂ် ကမှ သူတို့ တကယ် ဗိုလ်စွဲ နိုင်ချေ ရှိတဲ့ နေရာပါပဲ”

““ဒါပေမယ့် အသင်းက ပျက်စီး မသွားပါဘူး ၊ အချိန်တန် ရင် မန်ချက်စတာ ယူနိုက်တက် က မန်ချက်စတာ ယူနိုက်တက် ရှိသင့် ရှိထိုက်တဲ့ နေရာကို ပြန်ရောက် လာတာ ပါပဲ ။ အခု ပရီးမီးယားလိဂ် မှာ ဆိုရင်ပဲ ဆိုးရှား ရဲ့ အောက်မှာ သူ့ထက် ဝါရင့်ပြီး သူ့ထက် ပိုအောင်မြင် ထားတဲ့ နည်းပြတွေ ရှိနေပါတယ် ။ ဒါကြောင့် အရမ်းလည်း စိတ်မပျက် ကြပါနဲ့” လို့ ဖိလစ် နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းသားဟောင်း တွေက အခုလို ကာကွယ် ပြောဆို ပေးနေ ပေမယ့် ဆိုးရှား အထုတ်ခံ ရဖို့ အတွက် အလေးပေးမှု ကတော့ မြင့်တက် လာခဲ့ ပါတယ် ။ လိုက်ပ်ဇစ် ကို ရှုံးအပြီး မှာ အိုလေ ဂန်နာ ဆိုးရှား ရဲ့ ထုတ်ပယ် ခံရနိုင်ချေ ဟာ ပရီးမီးယားလိဂ် နည်းပြတွေ အနက် နံပါတ် ၁ ဖြစ်လာ ခဲ့ပြီး ခရစ်ဝိုင်းဒါး ၊ ဘီလစ် နဲ့ အာတီတာ တို့ က အစဉ်လိုက် ရပ်တည် နေခဲ့ကြပါတယ် ။

Leave a Comment

Your email address will not be published.