ဆိုးလ်ရှားနဲ့ ဆွေးနွေးပြီးနောက်မန်ယူနဲ့ကတ္တီပါလမ်းခွဲတော့မယ့် ပေါ့ဘာ

ချန်ပီယံလိဂ်က လက်ပြနုတ်ဆက်ခဲ့ရတဲ့ပွဲအပြီးမှာ မန်ယူနည်းပြ အိုလေဂန်နာဆိုးလ်ရှားနဲ့ ပေါလ် ပေါ့ဂ် ဘာတို့ နှစ်ဦးထဲ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြပြီးတဲ့နောက် ပြင်သစ်လက်ရွေးစင်ဟာ မန်ချက်စတာယူ နိုက်တက်ကနေ ထွက်ခွာဖို့ အလားအလာ များနေပြီလို့ သိရပါတယ်။

လာမယ့်ဇန်နဝါရီဈေးကွက် ဖွင့်လှစ်ချိန်ကြ ရင် ပေါ့ဂ်ဘာကို ခေါ်ယူဖို့ လိုလားနေတာကတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းက သူလက်ပြနုတ်ဆက်ခဲ့တဲ့ အီတလီ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်ပါပဲ။ ပြင်သစ်လက်ရွေးစင်ဟာ အိုလေဂန်နာဆိုးလ်ရှားနဲ့ ပရော်ဖက်ရှင်နယ်ဆန်စွာ ပဲ ရိုးသားပွင့်လင်းမှန်ကန်စွာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး လိုက်ပစ်ဇ်အသင်းနဲ့ပွဲမှာ ပွဲချိန်(၆၁)မိနစ်ရောက်မှ ပေါ့ဂ် ဘာကို လူစားဝင်ကစားစေခဲ့တဲ့အပေါ်မှာလည်း ပြောဆိုခဲ့ကြတာပါ။

မန်ယူအနေနဲ့ ပေါင်(၈၉)သန်းပေးဝယ်ထားခဲ့ရတဲ့ ပေါ့ဂ်ဘာကို စာချုပ်ကုန်ဆုံးချိန် ၂၀၂၂ခုနှစ်မှာ အ လွတ်ပြောင်းရွှေ့သွားတာမျိုး မဖြစ်ရလေအောင် တားဆီးနိုင်ဖို့ အပြောင်းအရွှေ့ဈေးကွက်နှစ်ခု အခွင့်အရေး ရရှိထားတာကြောင့် လာမယ့်ဇန်နဝါရီဈေးကွက်မှာ ရောင်းချလိုက်တာမျိုးကလည်း ဖြစ်နိုင်ချေများနေပါတယ်။

ဒီအပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာဖို့ကတော့ မန်ယူဘက်ကနေ ပေါ့ဂ်ဘာအတွက် ဈေးနှုန်းဘယ်အတိုင်း အတာအထိ သတ်မှတ်မလဲဆိုတာက အဓိကအချက်ဖြစ်နေပြီး မန်ယူဘုတ်အဖွဲ့အနေနဲ့ကတော့ သူတို့ခေါ်ယူ တုန်းက ပေးချေခဲ့ရတဲ့ ငွေပမာဏရဲ့ ရာခိုင်နှုန်းတော်တော်များများကို ပြန်လည်ရယူလိုနေမှာ အသေအချာပါပဲ။

Leave a Comment

Your email address will not be published.