မန်စီးတီးအသင်းရဲ့စပိန်လူငယ်ခြေတတ်ကို အလစ်သုတ်ဖို့ခြေလှမ်းလိုက်တဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းရဲ့စပိန်လူငယ်ခြေတတ်နောက်ခံကစားသမားလေးအဲရစ်ဂါစီယာ ကိုပြောင်းရွှေ့ကြေးမဲ့နှင့်ခေါ်ယူဖို့ပြင်ဆုင်လိုက်ပါတယ်။ဒါစီယာကိုခေါ်ယူနိုင်ဖို့လက်ရှိအာဆင်နယ်နည်းပြ အာတီတာနဲ့ကစားသမားလေးရဲ့ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အသုံးချသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

အသက်၁၉နှစ်အရွယ်စပိန်ဗဟိုနောက်ခံကစားသမားလေးဟာ ခြေစွမ်းအလားအလာအလွန်ကောင်းတာမို့မန်စီးတီးအသင်းကလက်မလွတ်ချင်ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လမှာထဲက မန်စီးတီးအသင်းရဲ့စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းမှုကို ကစားသမားဘက်ကပါယ်ချထားပါတယ်ဒါကြောင့် ဂါစီယာဟာ လာမယ့်နွေရာသီမှာ အသင်းကနေအလွတ်ထွက်ခွါခွင့်ရရှိသွားပြီဖြစ်ပါတယ်။

ဂါစီယာကို အသက်၁၆နှစ်အရွယ်မှာ မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီကနေနစ်နာကြေးပေါင်၁.၆သန်းပေးပြီးခေါ်ယူခဲ့တာပါ။ကစားသမားလေးဟာမန်စီးတီးအသင်းကြီးမှာ အသက်၁၉နှစ်အရွယ်နဲ့ပွဲပေါင်း၃၀ဝင်ရောက်ကစားခွင့်ရထားပေမယ့် ရေရှည်မှယ သူရဲ့ပွဲထွက်ခွင့်တွေ ပိုမိုလျှောကျလာနိုင်တာမို့လို့ ပွဲထွက်ခွင့် သေချာမယ့်အသင်းကိုသာပြောင်းရွှေ့မှာပါ။

ဂါစီယာကို ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းကအသင်းဟောင်းဘာစီလိုနာကပြောင်းရွှေ့ကြေးပေါင်၁၆သန်းနဲ့ပြန်လည်ဝာ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးအသင်းကပါယ်ချထားခဲ့တာပါ။အာဆင်နယ်အနေနဲ့ဂါစီယာကို ခေါ်ယူနိုင်ဖို့ဘာစီလိုနာအသင်းနဲ့အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီးအာဆင်နယ်အသင်းနည်းပြအာတေးတားဟာ မန်စီးတီးအသင်းမှာလက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့ချိန်တည်းက ဂါစီယာနဲ့ကောင်းစွာရင်းနှီးခဲ့သူပါ။

တကယ်လို့အာတေးတားကသာ ဂါစီယာကိုပွဲထွက်ခွင့်အာမခံနဲ့ ခေါ်ယူခဲ့ရင်တော့ခေါ်ယူနိုင်ဖွယ်ရှိနေပေမယ့် အသင်းနှစ်သင်းစာလောက်ဖြစ်နေတဲ့အာဆင်နယ်ရဲ့နောက်ခံလူစာရင်းကိုအရင်ရှင်းရဦးမှာဖြစ်ပါတယ်.အာဆင်နယ်အသင်းမှာဗဟိုနောက်ခံကစားသမား၇ဦးရှိနေပြီး ဂါစီယာကိုသာထပ်မံခေါ်ယူရင်၈ဦးထိရှိလာတော့မှာပါ။ဒါကြောင့် လူများပြီးပွဲမစည်တဲ့အသင်းလူစားရင်းကိုရှင်းလင်းနိုင်မှသာ ဂါစီယာကို အာတီတာခေါ်ယူခွင့်ရနိုင်ဖွယ်ရှိပါတယ်။

Leave a Comment

Your email address will not be published.