မန်ယူအသင်းကိုကြာသာပတေးညတွေကနေကြိုဆိုပါတယ်ဟုခနဲ့လိုက်တဲ့မော်ရင်ဟို

မန်ယူအသင်းရဲ့နည်းပြဟောင်းနဲ့လက်ရှိစပါးအသင်းရဲ့နည်းမော်ရင်ဟို ကချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ပြိုင်ပွဲကိုပြောင်းလဲယှဉ်ပြိုင်ရတော့မယ့် မန်ယူအသင်းကို ယူရိုပါလိဂ်ကနေကြိုဆိုနေကြောင်းပြော ကြားပြီးစကားလုံးတိုက်ပွဲစတင်လိုက်ပါပြီ။

မော်ရင်ဟိုက မန်ယူအသင်းဟာ အုပ်စုကျပ်မှာကျရောက်ခဲ့တာကြောင့် အဆိုပါအုပ်စုမှ ထိပ်တန်းသုံးသင်းမှာတသင်းကယူရိုပါလိဂ်ကို ရောက်လာတော့မယ်ဆိုတာသူမျှော်လင့်ပြီးသားဖြစ်ကြောင်းဆိုပါတယ်။

အခုလိုမန်ယူယူရိုပါလိဂ်ကိုရောက်ရှိလာတာဟ ဗိုလ်ဆွဲဖို့ရေပန်းအစားဆုံးဖြစ်လာပါလိမ့်မယ့်လို့ ခနဲ့လိုက်ပါသေးတယ်။ချန်ပီယံလိဂ်ကနေတန်းဆင်းလာရတဲ့အသင်းတွေဟာအမြဲတောင့်တင်းတဲ့အသင်းတွေဖြစ်ပြီးအဲ့ဒိအသင်းတွေစာ ပြိုင်ပွဲအဆင့်အတန်းနဲ့မသက်ဆိုင်တဲ့အသင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

မန်ယူဟာအုပ်စုအဆင့်မှာ ပြိုင်ပွဲကထွက်ခဲ့ရတာဟာ ပြိုင်ဘက်တွေသိပ်ကောင်းလွန်းတာကြောင့်သာဖြစ်ပြီးယူရိုပါလိဂ်မှာတော့ မန်ယူအတွက် လွယ်ကူတဲ့ပွဲစဉ်တွေရှိလာလိမ့်မယ်ဆိုပါတယ်။

လက်ရှိမောရင်ဟိုကိုင်တွယ်နေတဲ့စပါးအသင်းကတော့ လီပါပူလ်းအသင်းနဲ့ရမှတ်တူအနေအထားနဲ့ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကဦးဆောင်နေပြီး ယူရိုပါလိဂ်မှာလည်းအုပ်စုကနေနောက်တဆင့်တတ်ရောက်ဖို့အခြေနေကောင်းနေကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.