အဂွေရိုပြန်လာတာကို မန်ယူပရိတ်သတ်တွေကြောက်ရွံနေပြီဟုမန်စီးတီးကစားသမားဟောင်းလှောင်ပြောင်

လာမယ့်စနေနေ့မှာယှဉ်ပြိုင်မယ့်ပရီမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာဒါဘီပွဲအဖြစ်မန်ချက်စတာမြို့ခံအသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့မန်ယူအသင်းတို့ဟာ မန်ယူအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့အိုးထရက်ဖိုစ့်မှာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါဖြစ်ပါတယ်။ဒါဘီပွဲစဉ်ဖြစ်တာနဲ့အညီနှစ်သင်းလုံးပြိုင်ဆိုင်မှုပြင်းထန်ပြီးလတ်တလောနှစ်သင်းလုံးခြေတတ်နေတာကလည်းအဆိုပါပြိုင်ပွဲကို ပိုပြီးအာရုံစိုက်စေပါတယ်။

နောက်ပိုင်းပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူအသင်းနိုင်ပွဲတွေဆက်လာသလို မန်စီးတီးအသင်းက လညး တိုက်စစ်ကစားပုံပြန်ကောင်းလာပြီး ဂိုးပြတ်နိုင်ပွဲတွေဆက်တိုက်ရရှိနေပါတယ်။လာတ်တလောအနေနဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာတော့ရုန်းကန်နေရပြီး အဝေးကွင်းမှာဘဲနိုင်ပွဲဆက်နေတာကြောင့်အခုအိမ်ကွင်းပွဲစဉ်ကလည်းစောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။

အဆိုပါပွဲစဉ်အတွက်Sky Sportမှ မန်စီစတီစတိုက်စစ်မှူးဟောင်းရှောင်ဂုတ်တာနဲ့မေးမြန်းတဲ့အစီအစဉ်မှာ မန်စီးတီးကစားသမားဟောင်းပီသစွာဘဲ မန်ယူပရိတ်သတ်တွကို လှောင်ပြောင်ပြောဆိုသွားခဲ့ပါတယ်။ရှောင်က မန်စီးတီးအသင်း လူပြန်စုံလာနေပြီးအထူးသဖြင့်အာကျင်တီးနားတိုက်စစ်မှူးအဂွေရိုဒဏ်ရာမှ ပြန်လာနိုင်တာကိုမန်ယူပရီတ်သတ်တွေကြောက်ရွံနေကြပြီလို့ဆိုပါတယ်။

အဂွေရိုရဲ့ ခြေစွမ်းနဲ့အတူ မန်စီးတီးတိုက်စစ်မှာ နေရာစုံကနေဂိုးသွင်းနိုင်တဲ့တောရက်နဲ့စတားလင်းတို့ကြောင့် မန်စီးတီၤးအတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲမဖြစ်လောက်ဘူးလို့ဆိုပါတယ်။အဂွေရိုဟာအခွင့်အရေးတစ်ကြိမ်ရရင်တစ်ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှူးဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ အဂွေရိုကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ဆိုသွားကြောင်းပါ။

Leave a Comment

Your email address will not be published.