Chevrolet က ရော်နယ်ဒို ခေါ်ယူမှုအတွက် မန်ယူ အသင်းနှင့် ညှိနိုင်းမှုများပြလုပ်ခဲ့….

မန်ချက်စတာယူနိုက်တက် ဟာ ရလဒ်များဆိုးရွားမှုများနဲ့အတူ ပရိတ်သတ်များက ရော်နယ်ဒိုကို ပြန်လာစေချင်နေကြပါတယ်….မန်ယူ ပရိတ်သတ်များဟာ လက်ရှိ ကစားသမားခေါ်ယူမှု အတွက် ဇန်နဝါရီအပြောင်းအရွေ့ကို စိတ်လှုပ်ရှားနေကြောင်း ကို Twitter မှာ ရင်ဖွင့်နေကြပါတယ်..

မန်ချက်စတာယူနိုက်တက်ဟာ Chevrolet နဲ့ ကစားသမားခေါ်ယူဖို့အတွက် မကြာသေးမီက ဆွေးနွေးခဲ့ကြပါတယ်….ယင်းဆွေးနွေးမှုအတွင်းမှာ ပရိတ်သတ်ကြိုက်ကစားသမား ရော်နယ်ဒို ပြန်လည်ခေါ်ယူဖို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မန်ယူ အမှုဆောင်အဖွဲ့ရဲ့ ပြောခွင့်ရသူ တဦးက ပြောပြလာပါတယ်…

မန်ချက်စတာယူနိုက်တက်ဟာ Chevrolet ရဲ့ ကစားသမားခေါ်ယူပေးမှုတွင် ပါဝင်ကူညီဖို့ရာမှာ ယင်းက ခေါ်ယူပေးနိုင်သည့် ကစားသမားများထဲတွင် ရော်နယ်ဒို အပြင် ဆိုးရှားအကြိုက် ဟာလန်း ပါ ပါဝင်နေတယ်ဆိုတာကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်…..ခေါ်ယူပေးသည့် ကစားသမား တွေရဲ့ ပုံရိပ်အသုံးပြုမှု ကိုတော့ Chevrolet ကတောင်းဆိုသွားခဲ့ပါတယ်…

အဲ့ဒီအချက်ကို တော့ သဘောတူညီမှု မလုပ်သေးသလို သေချာလည်း မထုတ်ပြန်သေးပါဘူး…..သေချာညှိနိုင်းဆွေးနွေးမှုကိုတော့ လာမယ့် ကြာသပတေးမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို အမှုဆောင်ချုပ် အက်ဝုဒ်က ပြောသွားခဲ့ပါတယ်…

ပရိသတ်ကြိုက်ကစားသမားကိုလည်း ဇန်နဝါရီအပြောင်းအရွေ့မှာ အရခေါ်ယူပေးသွားမှာဖြစ်ကြောင်းကိုလည်း Sport Tribble News မှာပြောသွားခဲ့ပါတယ်…

MUTV

Leave a Comment

Your email address will not be published.