စာချုပ်သက်တမ်းပြည့်တော့မည့် လင်ဂတ်ကိုကမ်းလှမ်းမည့်အသင်းမရှိဖြစ်နေ

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်တဲ့ဂျာဆီလင်ဂတ်ဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြာပြီဖြစ်တာကြောင့်အသင်းပြောင့်ရွှေ့ဖို့ကြံစဉ်နေတဲ့ကစားသမားတစ်ဦးဘဲဖြစ်ပါတယ်။လင်ဂတ်ဟာမန်ယူအသင်းကထွက်ခွါဖို့ပြီးခဲ့တဲ့အပြောင်းအရွှေ့ထဲကစီစဉ်နေခဲ့တာဖြစ်ပြီးခေါ်ယူဖို့ကမ်းလှမ်းတဲ့အသင်းမရှိဖြစ်နေတာပါ။

လင်ဂတ်ဟာ အသင်းပြောင်းရွှေ့အတွက်သူငယ်ချင်းဖြစ်သူပေါ့ဘာရဲ့ကစားသမားအေးဂျင့်ရိုင်းအိုလာကိုခေါ်ယူခဲ့ပေမယ့် သူ့ရဲ့အပြောင်းအရွှေ့ကိုရိုင်းအိုလာလည်းမဆောင်ရွက်နိုင်ခဲ့ဘဲလက်တွဲဖြုတ်ခဲ့ပါတယ်။ရိုင်းအိုလာကိုကစားသမားအေးဂျင့်အဖြစ်ခေါ်ယူခဲ့တာကြောင့် ရိုင်းအိုလာနဲ့အဆင်မပြေတဲ့မန်ယူအသင်းနဲ့လင်ဂတ်ရဲ့ ဆက်ဆံရေးကလည်းပိုအေးစက်လာခဲ့တာပါ။

လင်ဂတ်ဟာ မန်ယူအသင်းမှာစတင်ပွဲထွက်ခွင့်ရချိန်မှာခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်ပရိတ်သတ်အကြိုက်ကစားသမားတစ်သီးဖြစ်ခဲ့ပေယ့်နောက်ပိုင်းမှာဖက်ရှင်လိုင်းဘက်ကိုအာရုံးစိုက်ခဲ့ပြီမီသားစုပြသနာတွေပါရှုပ်ထွေးလာလို့ခြေစွမ်းတဖြည်းဖြည်းပျောက်ဆုံးခဲ့ပြီးပြီးခဲ့တဲ့ဘောလုံးရာသီကစပြီးအသင်းမှာနေရာပျောက်ခဲ့တာပါ။

အခုဆိုရင်လင်ဂတ်နဲ့မန်ယူအသင်းတို့ရဲ့စာချုပ်သက်တမ်းမှာ၆လခန့်သာကျန်ရှိတော့ပြီးကမ်းလှမ်းမည့်အသင်းဖြစ်နေကာ လာမယ့်ဇန်နဝါရီမှာတော့လင်ဂတ်ကို စကော့တလန်ကလပ်အသင်းတွေဖြစ်တဲ့ ရိန်းဂျားနဲ့ဆဲလ်တစ်အသင်းတွေက အငှားနဲ့ခေါ်ယူနိုင်ဖို့ကျိုးပန်းနေကြပြီးထိုအငှားစာချုပ်ကစားခွင့်သာ လင်ဂတ်အနေနဲ့လက်ခံလိုက်ရင် အငှားစာချုပ်ပြည့်ချိန်မှာ မန်ယူကိုပြန်လာစရာမလိုတော့ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်တဲ့ကစားသမားဖြစ်သွားတော့မှာပါ။

လင်ဂတ်ဟာမန်ယူအသင်းမှာ ၂၀၉ပွဲထိပွဲထွက်ကစားထားပြီး၃၃ဂိုးသွင်းကာဂိုး၂၀ဖန်တီးပေးထာသူပါ။ကစားသမားသက်တမ်းတလျှာက်မန်ယူအသင်းမှာဘဲကစားခဲ့ပြီးကွင်းလယ်တိုက်စစ်နဲ့ညာတောင်ပံမှာကစားနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.