ဒီဂီယာဝေဖန်ခံနေရချိန်မှာနည်းပြဆိုးရှားကို ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ဟန်ဒါဆန်

မန်ယူအသင်းရဲ့အရန်ဂိုးသမားဟန်ဒါဆန်ဟာ အသင်းမှာပွဲထွက်ခွင့်မရရှိဘဲကစားချိန်နည်းပါးလျှက်ရှိတဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ အသင်းနည်းပြဆိုးရှားကိုထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းမှာဖေါ်ပြထားပါတယ်။

ဟန်ဒါယခုနှစ်လောလုံးရာသီမှာ မန်ယူအသင်းနဲ့ပွဲထွက်ခွင့်ငါးပွဲသာရရှိထားပြီးပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်နှစ်ပွဲသာရရှိထားပြီးဆောက်သင်တန်အသင်းနဲ့ပွဲစဉ်မှာ ပထမဂိုးသမား ဒီဂီယာဒဏ်ရာရရှိသွားလို့လူစားဝင်ရောက်ကစား ခွင့်သာရရှိထားပါသေးတယ်။

အခုလိုအသင်းမှာ ပွဲထွက်ခွင့်နည်းနေတာကြောင့် သူ့ရဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကိုထိခိုက်လာမယ့်အနေထားရှိနေတာကြောင့်အခုလိုအသင်းနည်းပြနဲ့ထပ်တိုက်တွေ့ဆုံခဲ့တာပါ။အထူးသဖြင့် မန်ယူအသင်းမှာ ကစားချိန်ပိုမိုရရှိရေးတောင်းဆိုးခဲ့ကြောင်းသိရပါတယ်။အသင်းပထမဂိုးသမား ဒီဂီယာကလည်းအမှားအယွင်းတွေများနေချိန်မှာ ဆိုးရှားအနေနဲ့လည်း အပြောင်းအလည်းပြုလုပ်သင့်တဲ့အချိန်ဖြစ်ပါတယ်။

ဟန်ဒါဆန်ဘာတွေပြောခဲ့တယ်ဆိုတာကိုတော့အတိအကျမသိရပေမယ့်မန်ယူအတွင်းလူတွေရဲ့ပြောကြားချက်အရ ဟန်ဒါဆန်ဟာ သူ့ကို ကစားချိန်တိုးမြှင့်မပေးနိုင်ရင်လာမယ့်ဇန်နဝါရီမှာ ပွဲထွက်ခွင့်ရမယ့်အသင်းတသင်းကို အငှားချပေးဖို့နဲ့ ဒါမှမဟုတ်အပြတ်ရောင်းချပေးဖို့တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ဟန်ဒါဆန်ဟာပြီးခဲ့တဲ့ သြဂုတ်လကမှမန်ယူအသင်းနဲ့၅နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတဲ့ကစားသမားဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.