အင်စတာဂရမ်ဓါတ်ပုံတစ်ခုနဲ့ မန်ယူပရိတ်သတ်တွေရဲ့မေတ္တာကို သိမ်းယူသွားပြန်တဲ့ဘရူနိုဖာနန်ဒက်

မန်ယူအသင်းဟာလိုက်ဇစ်အသင်းကိုရှုံးနိမ့်ပြီးချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကထွက်လိုက်ရတဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်တဲ့မန်ယူကစားသမားအနည်းငယ်ထဲက ဘရူနိဖာနန်ဒက်ဟာ အဆိုပါပွဲစဉ်နဲ့သက်ဆိုင်တဲ့ အင်စတာဂရမ်ပိုစ့်တစ်ခုကိုမနေ့ညကတင်ခဲ့ပါတယ်။

အဆိုပါပိုစ့်ကြောင့် ပရီတ်သတ်တွေရဲ့အချစ်တော်ဖာနန်ဒက်တစ်ယောက် မန်ယူပရီတ်သတ်တွေရဲ့ မေတ္တာတွေကို ထပ်မံသိမ်းပိုက်သွားခဲ့ပြီး ပရိတ်တ်တွေကြားမှာပိုမိုရေပန်းစားလို့လာခဲ့ပါတယ်။မန်ယူအသင်းအတွက်ကစားခွင့်ရတဲ့ပွဲစဉ်တိုင်းမှာဖာနန်ဒက်ကမခိုမကပ်ခြေစွမ်းကုန်ကစားခဲ့သူမို့ ပရိတ်တွေရဲ့အသည်းစွဲကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အခုလည်းဖာနန်ဒက်က လိုက်ဇစ်အသင်းနဲ့အရှုံးနဲ့ပါတ်သတ်ပြီး ခေါင်းငိုင်စိုက်ချနေတဲ့ပုံတစ်ကိုတင်ခဲ့ကာထိုပုံနဲ့အတူ ကျွန်တော်တို့ အချန်ပီယံလိဂ်လိုပြိုင်ပွဲမှာအခုထက်ပိုကောင်းအောင်တုံ့ပြန်နိုင်သင့်ပါတယ်။အခုရလာဒ်ကကျွန်တော်တို့အတွက်မကျေနပ်နိုင်စရာရလာဒ်ပါလို့ရေးသားထားခဲ့ပါတယ်။အဆိုပါpostကို likeလုပ်ခဲ့သူ၅သိန်းနီးပါးရှိနေခဲ့ပြီးဘရူနိုကိုအားပေးတဲ့ကွန်မန့်ကိုးထောင်နီးပါးရှိနေပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွင်စဉ်နှစ်ပွဲမှာအုပ်စုတွင်းအဓိကပြိုင်ဘက်နှစ်သင်းကိုအနိုင်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ်နောက်ဆုံးလေးပွဲမှာ လေးမှတ်ရရှိယုံနဲ့အုပ်စု၏ကတတ်ရောက်ခွင့်ရှိမယ့်အနေထားရှိခဲ့ပေမယ့် အုပ်စုနောက်လေးပွဲမှာ ၃မှတ်သာရရှိခဲ့တာကြောင့် အုပ်စုအဆင့်ကနေဘဲထွက်ခွါခဲ့ရတာပါ။

Leave a Comment

Your email address will not be published.