အူဘာမီယမ်းကို သတိပေးလိုက်တဲ့အာတီတာ

အာဆင်နယ်အသင်းနည်းပြမီခေးအာတီတာက ဂိုးသွင်းနှုန်းကျဆငးနေတဲ့အသင်းရဲ့အဓိကတိုက်စစ်မှူး အူဘာမီယမ်းကိုသတိပေးစကားပြောကြားလိုက်ကြောင်းBT Sportမှာဖေါ်ပြထားပါတယ်။

အူဘာမီယမ်းဟာ စာချုပ်သက်တမ်းတိုးပြီးနောက်ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုးလေးဂိုးသာရှိထားပြီးပရီးမီးယားလိဂ်သွင်းဂိုးနှစ်ဂိုးသာရရှိထားသူပါ။အူဘာမီးယန်းအခုလိုခြေစွမ်းပျောက်ဆုံးသွားကြောင့်အာဆင်နယ်အသင်းပါဂိုးရဖို့ရုန်းကန်နေရပြီး ၇ှုံးပွဲဆက်ကာ ပရီးမီးယားလိဂ်မှာ အဆင့်၁၅ထိရောက်ရှိနေပါတယ်။

အခုလိုဂိုးသွင်းခြေပျောက်နေတဲ့ အသင်းရဲ့တိုက်စစ်မှူးကို နည်းပြအာတီတာက ပွဲထွက်ကစားသမားစာရင်းကချန်လှပ်ခံရနိုင်ကြောင်းပြောကြားခဲ့ပြီးဘယ်ကစားသမားကမှ အသင်းမှာပွဲထွက်ခွင့်အာမခံချက်မရှိဘူးလိုံဆိုပါတယ်။ဒါပေမယ် အူဘာမီယမ်းရဲ့ အရင်ကစွမ်းဆောင်ခဲ့တာတွေကိုတော့မေ့ထားမဟုတ်ဘူးလို့ပြောသွားခဲ့ပါတယ်။

အာတီတာ အခုလိုသတိပေးခဲ့ပေမယ် အာဆင်နယ်အသင်းရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂီဗာတိုဆေးဗားကတော့ အသင်းကတိုက်စစ်မှူးတွေဂိုးမသွင်းနိုင်တာ နည်းပြအာတီတာရဲ့နည်းစနစ်ပိုင်းအမှားကြောင့်သာဖြစ်တယ်လို့လူသိရှင်ကြားဝေဖန်သွားခဲ့ပြီး။

ခေါင်းတိုက်အားမသန်တဲ့တိုက်စစ်မှူးတွေကို ဖြတ်တင်ဘောတွေနဲ့ခေါင်းတိုက်ခိုင်းနေတာ ကံကောင်းတဲ့အချိန်မ ဂိုးဖို့သာရှိပြီးကျန်တာမရှိဘူးလို့လှောင်ပြောင်သွားခဲ့တာပါ။အာဆင်နယ်အသင်းဟာ တကယ်လည်း စပါးအသင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ ဖြတ်တင်ဘော၄၄ကြိမ်ပြုလုပ်ခဲ့ပြီး ဂိုးရဖို့နီးစပ်တာတစ်ကြိမ်မှမရှိခဲ့ပါဘူး။

Leave a Comment

Your email address will not be published.