မန်ယူရဲ့ထွန်းတောက်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ထားကြတဲ့ တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဂိုးပေါက်ရှေ့ရောက်တဲ့အခါ ထိပ်တန်းအဆင့်ရှိတဲ့အဆုံးသတ်သမားမဟုတ်ဘူးလို့ မန်ယူတိုက်စစ်မှူးဟောင်းလူးဝစ်ဆာဟာက ဝေဖန်လိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ကစလို့ မန်ယူအသင်းကြီအတွက် ပွဲထွက်ခဲ့ချိန်ကစလို့ ၂၃၂ပွဲကစားပေးထားကာ ၇၇ဂိုးသွင်းပေးထားပြီး ၄၅ဂိုးဖန်တီးပေးထားပြီးဖြစ်ပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာလည်း ရက်ရှ်ဖို့ဒ်က ၂၂ဂိုးသွင်းပေးခဲ့ကာ ဆိုးလ်ရှားရဲ့အသင်းကို တတိယနေရာနဲ့ ရာသီပိတ်သိမ်းနိုင်အောင် အကူအညီပေးခဲ့ပြန်ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ၁၀ပွဲကစားပြီးချိန်မှာ သုံးဂိုးသာသွင်းယူထားနိုင်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး လူးဝစ်ဆာဟာက “မားကပ်စ် ကမာ့အဆင့်ရှေ့တန်းကစားသမားတော့ မှန်ပါတယ်။ ဒါပေမယ့် ထိပ်တန်းတိုက်စစ်မှူးတော့ မဟုတ်သေးဘူး။

တိုက်စစ်မှူးဆိုတာ သားရဲတစ်ကောင်လိုပဲ။ တိုက်စစ်မှူးဆိုတာ အရမ်းစိတ်အားထက်သန်တယ်။ အချိန်ပြည့်ဂိုးသွင်းချင်နေတဲ့စိတ်၊ ဂိုးသွင်းခွင့်ကို ဘယ်လိုရအောင်ဖန်တီးမလဲဆိုတဲ့စိတ်တွေကိုက သူ့မျက်နှာမှာပေါ်နေတာ။

အဲဒီလိုစိတ်ဓါတ်မျိုးတွေကို ဗန်နစ်စတဲလ်ရွိုင်း၊ ဒေးဗစ်ထရက်ဇီဂေးတို့နဲ့အတူ ကစားခွင့်ရခဲ့တဲ့အချိန်တွေမှာ လေ့လာသင်ယူခဲ့ရတာပါ။ ရက်ရှ်ဖို့ဒ်မှာ အဲလိုဖြစ်အောင်လုပ်ဖို့ ပါရမီရော ငယ်ရွယ်မှုတွေရှိနေပါတယ်”လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

FBV

Leave a Comment

Your email address will not be published.