အာဆင်နယ်အသင်းကနေထွက်ခွါသွားစေချင်တဲ့ကြယ်ပွင့်ကစားသမားတစ်ဦးအမည်ကိုထုတ်ပြောလိုက်တဲ့အီဒူး

အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာအီဒူးက အခုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် အိုဇေးကို အသင်းကနေထွက်ခွါပြီးအခြားကစားခွင့်ရနိုင်မယ့်အသင်းသစ်မှာ ကစားသမားဘဝကိုပြန်လည်စတင်သင့်တယ်လို့ပြောကြားလိုက်ပါတယ်။

အီဒူးက BT Sportကိုပြောဆိုရာမှာ အိုဇေးကထိပ်တန်းကစားသမားပါ။သူ့အတွက် အသင်းသစ်မှာ ကစားသမားဘဝကို ပြန်လည်စတင်သင့်ပါပြီ။အာဆင်နယ်မှာသူပြန်လည်နေရာရဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဇန်နဝါရီမှာသူအသင်းကနေထွက်ခွါပြီးအသင်းသစ်မှာ ကစားခွင့်ရှာဖွေတာသူ့အတွက်လည်းကောင်းသလိုနှစ်ဦးနှစ်ဘက်အကျိုးရှိလာမှာပါဟုပြောကြားခဲ့ပါတယ်။

အာဆင်နယ်မှာ နေရပျောက်နေသူ ဂျာမနီလက်ရွေးစင်အိုဇေးလ်ကို တစ်ပတ်တစ်ပတ်ပေးချေနေရတဲ့ ပေါင်(၃၅၀,၀၀၀)ကို အမြန်ဆုံးလျော့ချချင်နေတဲ့ ဘုတ်အဖွဲ့ရဲ့ဆန္ဒဟာ များမကြာခင် လပိုင်းအတွင်းမှာပဲ ပြည့် ဝဖို့ရှိနေပြီဆိုတဲ့အကြောင်း တူရကီကလပ် ဖီနာဘာချီရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်ပါပြီ။

Sport Digi tale ဝက်ဘ်ဆိုက်နဲ့တွေ့ဆုံမေးမြန်းစဉ်မှာ မူရတ်ဇော်လူက “လာမယ့်အပြောင်းအရွှေ့ဈေးကွက်ကျရင် အို ဇေးလ်ဟာ ကျနော်တို့အသင်းသားဖြစ်လာဖို့ ရှိနေပြီလို့ အသင်းနဲ့ အလွန်နီးကပ်တဲ့ သတင်းရစ်မြစ်တစ်ခုထံက နေ ကြားသိထားရပါတယ်။ လာမယ့်တစ်လအတွင်း သူရောက်လာဖို့က (၉၀)ရာခိုင်နှုန်းသေချာနေပြီလို့တောင် ပြောလို့ရပါတယ်”လို့ အတည်ပြုခဲ့တာပါ။

ဂျာမနီလက်ရွေးစင်ဟောင်းရဲ့ မျိုးရိုးစဉ်ဆက်ဟာ တူရကီမှာ အခြေတည်အမြစ်စခဲ့တာဖြစ်ပြီး သူက တော့ ဂျာမနီနိုင်ငံအတွက် ကစားဖို့ပဲ ရွေးချယ်ခဲ့တာဖြစ်ကာ စုစုပေါင်း(၉၂)ပွဲအထိ ကစားပေးခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ ဖလားဆုကြီးကိုလည်း အောင်မြင်ဆွတ်ခူးထားခဲ့တဲ့ အသင်းသားတစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် တူရကီသမ္မ တကြီး ရီဆက်တေယစ်ပ်အာဒိုဂန်နဲ့ကလည်း ခင်မင်ရင်းစွဲရှိနေသူတစ်ဦးဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီမှာ တူ ရကီစူပါလိဂ်ပြိုင်ပွဲ အိုဇေးလ်ရောက်ရှိသွားဖို့ဆိုတာက ဖြစ်နိုင်ချေမြင့်မားလျက်ရှိနေပါတယ်။

အိုဇေးလ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က လူမှုကွန်ယက်ပေါ်မှာ အာဆင်နယ်ပရိသတ်တွေရှေ့ သူရှိနေတဲ့ပုံ တစ်ပုံကိုတင်ကာ “ပရိသတ်တွေ ကိုယ့်နောက်မှာ ရှိနေတဲ့ ခံစားချက်က ကျေးဇူးတင်စရာပါ..”လို့ ခေါင်းစဉ်တပ် ခဲ့ကာပရိတ်သတ်တွေကနှုတ်ထွက်ဖို့တောင်းဆိုခံနေရတဲ့ နည်းပြအာတီတာကိုလှောင်ပြောင်ခဲ့ပါတယ်။

၎င်းပိုစ့်ကို အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်သူ The Good Morning Britain အစီအစဉ်တင်ဆက်သူ ပီးယာ့စ် မော်ဂန်က “အာဆင်နယ်ပရိသတ်အစစ်တွေ မင်းနောက်မှာ မရှိဘူး။ မင်းက အာဆင်နယ်ရဲ့ပေါ့ဂ်ဘာပဲ။ အလွန် အကျူး လစာပေးထား၊ အလွန်အကျူး ခြေစွမ်းတွေပျက်၊ ကိုယ့်အနေအထားကိုယ်မသိ…”ဆိုပြီး ချက်ချင်းပဲတုန့် ပြန်ခဲ့တာ တွေ့ရပါတယ်။

ဒါကို အိုဇေးလ်ကလည်း “ပီးယာ့စ်..ကိုယ့်လူရေ..ဟိုတစ်ရက်ထဲက ခါးသီးနေတာ မပြီးသေးဘူးလား။ ကြည့်ရတာ ခင်ဗျားက ကမ္ဘာ့ချန်ပီယံအသင်းရဲ့ ပရိသတ်မဟုတ်ဘူးထင်ပ..”လို့ စကားနာပြန်ထိုးခဲ့ပါတယ်။

Leave a Comment

Your email address will not be published.