မန်ချက်စတာဒါဘီမှာဟန်ချက်မညီတဲ့ မန်ယူအသင်းကိုပေါလ်စခိုလ်းဘာတွေပေါက်ကွဲလိုက်ပြီလဲ

မန်ယူအသင်းရဲ့လက်ရှိကစားကွက် အခင်းအကျင်းဟာ စပါးအသင်းကို ၁-၆ဂိုးနဲ့ရှုံးခဲ့တဲ့ဖြစ်စဉ်ရဲ့ခြောက်လှန့်မှုတွေ ခံနေရပြီး သွင်းဂိုးရနိုင်ဖို့ခက်ခဲလှတယ်လို့အသင်းရဲ့ ဂန္ဓဝင်ကွင်းလယ်ကစားသမားကြီးပေါစခိုလ်း ကဆိုပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်မှာခံစစ်အားသန်ကစားသမားနှစ်ဦးထည့်သွင်းထားခြင်းကြောင့်ခံစစ်လုံခြုံမှုပိုရပေမယ် အဆိုပါကစားသမားနှစ်ဦးကြောင့် အသင်းရဲ့ဖန်တီးနိုင်စွမ်းကျဆင်းနေကြောင်းထောက်ပြပြောဆိုသွားပါတယ်။

ယမန်နေ့ညကမြိုခံပြိုင်ဘက်မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာမန်ယူနောက်တန်းကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊လင်ဒီလော့နဲ့ဘစ်ဆာကာတို့ဟာကောင်းမွန်တဲ့ခြေစွမ်းကို ပြခဲ့ကြပြီး။အထူးသဖြင့် ဘစ်ဆာကာဟာ တဖက်တောင်ပံတိုက်စစ်မှူး စတားလင်းကိုလှုပ်မရအောင်ထိမ်းချုပ်သွားတာစတားလင်းအဖို့ ကံဆိုးတဲ့ညတညဖြစ်ခဲ့ရကြောင်းစခိုလ်းကဆိုပါတယ်။

ဒါပေမယ်ကွင်းလယ်အစုအဖွဲ့မှာတော့ ခံစစ်အားသန်ကစားသမားတွေများနေတာကြောင့် အသင်းဟန်ချက်မညီဘဲခံစစ်ဘဲကိုအားသန်နေပြီး တိုက်စစ်ဖေါ်ဆောင်မှုတွေလ ုံးဝအားနည်းနေကြောင်း အသင်းကစားပုံကဘာနဲ့တူနေလဲလို့ပြောရရင် တဘက်အသင်းတိုက်စစ်ဆင်လာမှာကို ဘဲ အလျှော့ပေးစောင့်နေသည့် ပုံစံမျိုးဖြစ်နေကြောင့် ဝေဖန်သွားခဲ့ပါတယ်။

အဆိုပါခံစစ်အားသန်ကွင်းလယ်ကစားသမားနှစ်ဦးနေရာမှာ တစ်ဦးထဲထားပြီးအခြားတိုက်စစ်အားသန်ကစားသမားတစ်ဦးကို ထည့်သွင်းရင်မန်ယူအသင်းအနေနဲ့ဂိုးတွေရလာနိုင်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်

Leave a Comment

Your email address will not be published.