မန်ယူအသင်းယခုနှစ်ဘောလုံးရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာလိမ့်မယ်ဆိုတဲ့ဒီဂီယာ

မန်ယူအသင်းရဲ့ပထမဂိုးသမားဒီဂီယာဟာ ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆိုကို မန်ယူအသင်းရရှိလိမ့်မယ်လို့MUTVနဲ့အင်တာဗျူးမှာပြောခဲ့တာပါ။အမှားအယွင်းတွေများလာလို့ဝေဖန်ခံနေရတဲ့ ဒီဂီယာကို MUTVက မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို ဂိုးမရှိသရေကျပြီးတဲ့ပွဲစဉ်အပြီးမှာ တွေ့ဆုံးမေးမြန်းခဲ့တာပါ။

ဒီဂီယာက ဖာဂူဆန်အနားယူပြီးနောက်ပိုင်းဝေးကွာခဲ့တဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကို အခုဘောလုံးရာသီမှာ မန်ယူအသင်းပြန်လည်ရရှိနိုင်ပြီး ၆ရာသီကြာ အမှတ်ပေးချိန်ပီယံ အဖြစ်ခဲ့တာကိုအဆုံးသတ်လိမ့်မယ်လို့ဆိုပါတယ်။မန်ယူအသင်းနောက်ဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာ ဖာဂူဆန်အနားယူမယ့်နောက်ဆုံးရာသီဖြစ်တဲ့၂၀၁၃ခုနှစ်ကဖြစ်ပါတယ်။

ဒီဂီယာက အခုရာသီပရီးမီးယာလိဂ်ဟာပြိုင်ဆိုင်မှုအလွန်ပြင်းထန်နေပြီးအသင်းပေါင်းများစွာကထိပ်ဆုံးနေရာအတွက်တိုက်ပွဲဝင်နေတာစိတ်လှုပ်ရှားစရာပါ။အဲ့ဒါကြောင့်ပွဲစဉ်အားလုံးကိုဂရုစိုက်ယဉ်ပြိုင်ဖို့လိုနေပြီးအနိုင်ကစားပြီးချန်ပီယံဖလားကိုရယူဖို့လိုပါတယ်။

အခုရာသီပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ရတာအလွန်ကောင်းမွန်နေပြီအသင်းကောင်းတွေအများကြီးနဲ့ယှဉ်ပြိုင်နေရပါပြီ။ဒါပေမယ် မန်ယူရဲ့အိပ်မက်ကတော့ ချန်ပီယံပါဘဲ။ကျွန်တော်တို့အခုရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်မယ်လိုံအပြည့်အဝယုံကြည်ပါတယ်ဟုဖြေကြားသွားပါတယ်။

ယမန့်နေ့ညကနောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်မန်စီးတီးအသင်းနှင့်ပွဲစဉ်နှင့်ပါတ်သတ်ပေးဂိုးမဲ့ကစားနိုင်တာအလွန်ဝမ်းသာပါတယ်။ကျွန်တော်တို့အသင်းနောက်ခံလူတွေဒီနေ့ပွဲမှာကစားတာအလွန်ကောင်းကပါတယ်။

မန်စီးတီးအနေနဲ့သေချာတဲ့ကန်သွင်းခွင့်တကြိမ်မှမရခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။ဒါပေမယ့်ပြသနာကကျွန်တော်တို့ဂိုးမသွင်းနိုင်ခဲ့ပါဘူး၊ဂိုးသွင်းမှအနိုင်ရမှာပါ။သွင်းဂိုးတွေနဲ့ နိုင်ပွဲတွေရရှိမှ ချန်ပီယံဖြစ်နိုင်မှာပါလို့ပြောသွားခဲ့ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.