မန်စီးတီးနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ပြယုဂ်တွေ ကုန်ဆုံးခဲ့ပြီဆိုတဲ့ အချက်တွေကိုပြောလာတဲ့ အီဗရာ

မန်ချက်စတာယူနိက်တက်ဟာ စနေ့ညမှာ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို ဒါဘီပွဲအဖြစ် ယှဉ်ပြိုင်ကစားရာမှာ သရေ ရလဒ်ဖြင့်သာ ပွဲကို အဆုံးသတ်ခဲ့ပါတယ်…..

ဒီပွဲရဲ့ရလဒ်ကို မန်ချက်စတာယူနိက်တက်နောက်ခံလူဟောင်း အီဗရာက သူ့ရဲ့ Social Media မှာ မန်ချက်စတာဒါဘီတွေမှာ ပြိုင်ဆိုင်မှု အားပြိုင်မှု ပြင်းထန်လွန်းတဲ့ တိုက်စစ် တွေကို မမြင်တွေ့ရဘဲ ပွဲဟာ ရန်ပုံငွေပွဲကစားသလိုသာကုန်ဆုံးသွားတယ်ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်…

အီဗရာက ” မန်ချက်စတာ ဒါဘီတွေဟာ အိုလေ လက်ထက်မှာ ယူနိုက်တက်ရဲ့ကြီးကျယ်ခမ်းနားလွန်းတဲ့ ပြယုဂ်တွေ အဆုံးသတ်သွားခဲ့ပါပြီ….တချိန်က ကစားသမားတွေရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ပြိုင်ဆိုင်မှုတွေ အနိုင်ရလိုမှုနဲ့ အားကုန်ထုတ်သုံးပြီး ကန်ခဲ့တဲ့ အချိန်တွေဟာ ဒီနေ့ဒီအချိန်မှာ ပျောက်ကွယ်ကုန်ပါပြီ…

အသင်းသားတွေအားလုံးဟာ မန်ချက်စတာယူနိက်တက် ကို ငွေရှာဖို့ရောက်လာတာလား….အောင်မြင်မှုရှာဖို့ရောက်လာတာလား နှစ်ခုလုံးရှာဖို့လာတာလား….ကျနော်တို့ ဆာအဲလက်ခေတ်က ငွေရှာဖို့ရောက်လာတဲ့ ကစားသမားဆို အကုန် အောင်မြင်မှုရှာဖို့ ကစားတဲ့သူဖြစ်အောင် ဆာအဲလက်စ်ကပြောင်းပစ်လိုက်တယ်…

ဒီနေ့ပွဲ မှာ ကွင်းလယ်က ကျနော့် အားထားရဆုံးလို့ဆိုရမယ့် ဘရူနို မှာ ပြင်းထန်တဲ့ စိတ်ဆန္ဒတွေ နိင်လိုစိတ်တွေနဲ့ ကွင်းလယ်ကို ထိမ်းကျောင်းမနေခဲ့ဘူး…..ကျနောတို့ ဒီလို ဘဲ ရလဒ်တွေကို အဆုံးသတ်ရမယ်ဆို မန်ချက်စတာယူနိက်တက်ရဲ့ အစဉ်အလာကြီးလွန်းတဲ့ ပြယုဂ်တွေဟာ ဒီကစားသမားနဲ့ နည်းပြလက်ထဲမှာ ကုန်ဆုံးသွားရပါလိမ့်မယ်….

Evra BLog

Leave a Comment

Your email address will not be published.