မန်ယူကစားသမားများအား နည်းပြနဲ့ သမိုင်းကိုဘဲ မမှီခိုဖို့ပြောလာတဲ့ ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် ဟာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့ ဒါဘီပွဲစဉ်အဖြစ် စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ရမှာ သရေရလဒ်ဖြင့် အဆုံးသတ်ပြီး မန်ယူပရိတ်သတ်များနဲ့ မီဒီယာများရဲ့ ဝေဖန်မှုတွေဟာ ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်..

ယခုပွဲစဉ်အား မန်ချက်စတာယူနိက်တက်ရဲ့ အောင်မြင်မှုတွေ သမိုင်းတွေကို ရေးပေးခဲ့တဲ့ သက်တော်ရှည်နည်းပြကြီး ဖာဂူဆန် ကလည်း လာရောက်ကြည့်ရှုခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်….မန်ယူအသင်းသားတွေဟာ ဖာဂူဆန်လာကြည့်တာကိုတောင် အနိုင်မကန်ပေးနိုင်ခဲ့ကြပါဘူး

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဖာဂူဆန်က ” ကစားသမားတွေအနေနဲ့ ဒီပွဲမှာ အားစိုက်ထုတ်မှုတွေ ကြိုးစားမှုလေးတွေ တွေ့လာရပါတယ်…ဒါပေမဲ့ သူတို့ ရဲ့ ခြေစွမ်း ဒီထက်မကပါဘူး…..မန်ချက်စတာယူနိက်တက်ကို အောင်မြင်မှုတွေရယူပေးချင်တဲ့ ကစားသမားတွေအနေနဲ့

နည်းပြကို ဘဲ အားကိုးနေလို့မရပါဘူး….ဒီပွဲမှာ အိုလေ ဟာ ဂိုးမပေးရဖို့ အများဆုံးကြိုးစားထားခဲ့ပါတယ်…ဒါပေမဲ့ ကစားသမားတွေဟာ အိုလေရဲ့ ဗျူဟာမှာဘဲ မျောနေခဲ့ပြီး တိုက်စစ်မှာ အဆုံးသတ်ကောင်းဖို့ မကြိုးစားခဲ့ကြပါဘူး….အများဆုံး ကွင်းလယ်က ဘရူနိုဖာနန်ဒက်တောင် တပွဲလုံး ကွင်းလယ်တိုက်စစ်ကို ရုန်းအားကောင်းကောင်းနဲ့ မကစားခဲ့ပါဘူး…..

ဒီပွဲမှာ ဖရက်စ်ဟာ တော်တော် တာဝန်ကျေခဲ့တဲ့ ကစားသမားတယောက်ပါ….တပွဲလုံး ကွင်းလယ်အဖျက်ကော ကွင်းလယ်တိုက်စစ်ရောပါ ညီမျှအောင် ကစားသွားခဲ့တာကို တွေ့ရပါတယ်….ဟု Sport Tribble News မှာပြောသွားခဲ့ပါတယ်..

Sport Tribble News

Leave a Comment

Your email address will not be published.