အိုဇေးနဲ့ပုံစံတူလာတဲ့အော်ဘာရဲ့ကျဆင်းမှုကိုဖတ်တွယ်ထားရင် အာတီအာအလုပ်ပြုတ်ဖို့ရှိနေ

အာဆင်နယ်အသင်းဟာ အခုနှစ်ဘောလုံးရာသီအစမှာမှ စာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်ပြီးအသင်းမှာလစာအများဆုံးရကစားသမားထဲမှာပါဝင်လာတဲ့တိုက်စစ်မှူးအော်ဘာမီယမ်းရဲ့ကျဆင်းမှုတွေဟာ နည်းပြအာတေးတာအလုပ်ပြုတ်ဖို့ အချက်တွေဖြစ်လာလိမ့်မယ်လို့ အာဆင်နယ်ပရီတ်သတ်တွေရဲ့Just Arsenal ဝဘ်ဆိုဒ်မှ ဝေဖန်လိုက်ပါတယ်။

အဆိုပါဝဘ်ဆိုဒ်မှာ အာတီတာနဲ့ပုံစံတူဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်းတယ်ရီဗာနေဗယ်နဲ့ရုဒ်ဂူးလစ်တို့ဟာ ဂိုးသွင်းခြေပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးအလန်ရှီးယားကို အားကိုခဲ့ကြလို့ တယ်ရီဗာနေဗယ်လည်း အင်္ဂလန်လက်ရွေးစင်နည်းပြ ရာထူးမှ အလုပ်ပြုတ်ခဲ့ရသလိုဂူးလစ်လည်းကလပ်အသင်းနည်းပြရာထူးမှ ပြုခဲ့ရတာကိုထောက်ပြခဲ့ကြပါတယ်။

ဒါ့အပြင်အနီးကပ်ဆုံးအလုပ်ပြုတ်ခဲ့တဲ့ စပါးနည်းပြပိုချက်တီနိုကလည်း ဒဏ်ရာအကင်းမသေတဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို ဖတ်တွယ်ပြီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထည့်သွင်းခဲ့တဲ့အရှုံးကနေပြီးနောက်ပိုင်းမှာ အလုပ်ပြုတ်ခဲ့တာအထင်အရှားဖြစ်ကြောင်းရေးသားထားပါတယ်။


အာတီတာအနေနဲ့အခုလိုခြေစွမ်းကျဆင်းလာတဲ့အော်ဘာမီယမ်းကိုဆက်လက်ဖတ်တွယ်ထားရင်အော်ဘာရဲ့ကျဆုံးခြင်းကြောင့် အသင်းလည်းကျဆင်းလာပြီး အာတီတာလည်းရှေ့ကနည်းပြတွေလို အလုပ်ပြုတ်ဖို့နီးနေပြီလို့သတိပေးထားပါတယ်။ဒါကြောင့်အာတီတာအနေနဲ့ တိုက်စစ်ပိုင်းအပြောင်းအလဲကို မဖြစ်မနေပြုလုပ်ပြီးအသင်းကော သူ့ရဲ့ရာထူးနေရာကိုကာကွယ်ဖို့အာဆင်နယ်ပရိတ်သတ်တွေအနေနဲ့တောင်းဆိုကြောင်းရေးသားထားပါတယ်။

Leave a Comment

Your email address will not be published.