အိုးထရက်ဖိုစ့်ကွင်းနဲ့၁၅မိနစ်အကွာက ဖယ်လိုင်နီရဲ့နန်းတော်အကြောင်း

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းဖယ်လိုင်နီရဲ့နန်းတော်တမျှ
ခမ်းနားလှတဲ့ဇိမ်ခံအိမ်ကြီးဟာ မန်ယူအသင်းရဲ့အိမ်ကွင်းအိုးထရက်ဖိုစ်ကွင်းနဲ့ကားမောင်းရင်၁၅မိနစ်
ခန့်သာကွာဝေးတဲ့နေရာမှာတည်ရှိပါတယ်။

တရုတ်စူပါလိဂ်အသင်းတသင်းဖြစ်တဲ့ရှန်ဒေါင်းအသင်းကို၂၀၁၉ခုနှစ်က မန်ယူကနေနဲ့ပြောင်းရွှေ့ခဲ့တဲ့ဖယ်
လိုင်နီက အဆိုပါအိမ်ကြီးကိုအခုဆိုရင်ပေါင်၂သန်းနဲ့အရောင်းတင်ထားပါတယ်။ယင်းအိမ်ကြီးကို ဖယ်လိုင်နီ
အနေနဲ့တရုတ်နိုင်ငံ၏ကိုဗစ်ဥပဒေကြောင့် လုံးဝပြန်မကြည့်နိုင်ဖြစ်နေခဲ့တာကြောင့်လ်းပါပါတယ်။

အဆိုပါအိမ်ကြီးဟာ ဗြိတိန်နိုင်င်မှာတောင် လူတိုင်အားကျလောက်တဲ့ဇိမ်ခံအိမ်အမျိုးအစား ဖြစ်ပြီးအိပ်ခန်းခြောက်ခန်း
ပါရှိသလိုကိုယ်ပိုင်ပန်းခြံနှင့်အတူ နောက်ဆုံးပေါ်ကားတွေထားနိုင်ဖို့ ခေတ်မှီ ကားပါကင်စနစ်ပါပါဝင်ပါတယ်။ဇိမ်ခံအိမ်ပီပီ
အိမ်တွင်းရုပ်ရှင်ရုံအသေးလေးလည်းပါရှိပါတယ်။

အလွန်လှပတဲ့အိမ်တွင်းရေကူးကန်ဟာ လည်းကွင်းပြင်မှာဆောက်လုပ်ထားသလောက်ကိုကြီးမားလှပပြီးအပန်းဖြေဂျာကူစီ
စိမ်ဖိုံအခန်းSPAအခန်းနဲ့ ကိုယ်ပိုင်GYMခန်းတွေဟာ လူချမ်းသာတစ်ယောက်ရဲ့အဆောင်အယောင်တွေ့မို့လို အဲဒိအသုံးအဆောင်
ပို့အထွေအထူး မပြောတော့ပါဘူး။

ဖယ်လိုင်နီရဲ့ အိမ်ကြီးမှာတစ်ခုထူးခြားတာကတော့ ကိုယ်ပိုင်ဆံသဆိုင်ပါ ပါရှိနေတာဖြစ်ပြီး။ဖယ်လုင်နီရဲ့ထူးခြားတဲ့ဆံပင်ပုံစံကတော့
သူ့ရဲ့အိမ်ကြီးထဲက ဆံသဆိုင်ထဲက အထိမ်းအမှတ်တွေဖြစ်ပါတယ်။ကဲမန်ယူပရီတ်သတ်တွေရေ မန်ယူကစားသမားဟောင်းကြီးရဲ့
အိုးထရက်ဖိုစ့်ကွင်းကြီးနားက အိမ်ကြီးကို ပေါင်နှစ်သန်းနဲ့ဝယ်ယူနိုင်ပြီနော်။စိတ်ဝင်စားရင်ဖယ်လေနီရဲ့အေးဂျင့်ကိုဟယ်လိုလုပ်လိုက်ပါနော်။

Leave a Comment

Your email address will not be published.