ဘရူနို နဲ့ လင်ဒီလော့တို့ ကွင်းတွင်းက ပြဿနာ မပြီးသေး ဟု Twitter Page တခုဖော်ပြ

မန်ချက်စတာယူနိုက်တက်ဟာ ဒါဘီပွဲမှာ သရေရလဒ်အဆုံးသတ်ချင်းနဲ့အတူ အဝတ်လဲခန်းအတွင်းက အချေအတင်တွေနဲ့ ကွင်းတွင်းက အချေအတင်တွေဟာ သတင်းများစွာ ပျံ့နှံ့ပြီးထွက်လာနေပါတယ်…

မန်ချက်စတာယူနိုက်တက်မှာ ကစားသမား တွေရဲ့ အကျင့်ပျက်မှုများနဲ့ ပြဿနာ များကို ဖောပြခဲ့တဲ့ Black Manchester ဟာ ယခု သတင်းတင်အပြီးမှာ Twitter မှ တရားဝင်ပိတ်ခံလိုက်ရကြောင်း Forum တွေမှာပြောလာပါတယ်….

အဆိုပါ Twitter Page မပိတ်ခံရခင်မှာ ဘရူနို နဲ့ လင်ဒီလော့တို့ ကြားက ပြဿနာမပြီးသေးဘူးဆိုတဲ့အကြောင်းကို ဖော်ပြခဲ့ပါတယ်..

ယင်း Twitter Page အဆိုရ ဘရူနိုဟာ အသင်းခေါင်းဆောင် ရာထူးကို အလွန်အမင်းလိုချင်နေကြောင်း အခွင့်သာတာနဲ့ အာဏာ ပြချင်တာဖြစ်ကြောင်းကို မကျေနပ်တာမို့ ယခုအချိန်ထိ လင်ဒီလော့က မကျေနပ်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်…

နောက်ပြီး မက်ကွိုင်းယား နဲ့ လင်ဒီလော့ တို့ ဆက်ဆံရေးဟာလည်း ကွင်းတွင်းကွင်းပြင်မှာပါ ပိုမိုကောင်းမွန်လာပြီ….ဘရူနိုက လေ့ကျင့်ရေးကွင်းတွင်းမှာ လင်ဒီလော့တို့ဆီ ဘောလုံးမပေးတာမျိုးတွေ အပေါ်စီးကနေ စနောက်တာမျိုးတွေ ပြုလုပ်လာတယ်ဆိုတဲ့အကြောင်းကို အဆိုပါ Twitter Page က ဖော်ပြခဲ့ပါတယ်…

ယင်း Twitter Page ဟာ ဘရူနိုနဲ့ လင်ဒီလော့တို့သတင်းတင်ပြီး တနာရီအကြာမှာဘဲ ပိတ်သိမ်းခံလိုက်ရတယ်ဆိုတဲ့အကြောင်းကို Sport Tribble News မှာ အကျယ်တဝင်ဖော်ပြထားပါတယ်….

Sport Tribble

Leave a Comment

Your email address will not be published.