မန်ယူကျဆုံးရခြင်နောက်ကွယ်ကဖာဂူဆန်နှောင်ကြိုးအကြောင်းရင်ဖွင့်လာတဲ့မန်ယူနည်းပြဟောင်း

မန်ယူအသင်းရဲ့နည်းပြဟောင်းနယ်သာလန်လူမျိုးဗန်ဟားဟာ မန်ယူဂန္ဓဝင်နည်းပြကြီးဖာဂူဆန်နဲ့အသင်းမှာထပ်မံဝယ်ယူထားတဲ့နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိအကြောင်းပြောကြားရင်းမှာစကားအခြေတင်ဖြစ်ခဲ့ရာကနေ မန်ယူမှာထိပ်တန်းနည်းပြတွေမအောင်မြင်ရခြင်းမှာနောက်ကွယ်ကနည်းစနစ်ပိုင်းတွေမှာ ဖာဂူဆန်နဲ့ညှိုနှိုင်းရတာတွေအများကြီးရှိကြောင်းဖွင့်ဟလိုက်ပါတယ်။

မန်ယူမှာနည်းပြလုပ်မယ်ဆိုင်ဖာဂူဆန်နဲ့ အဆင်ပြေမှသာ အလုပ်အကိုင်တည်မြဲနိုင်မယ်လို့၎င်းကBT Sportအင်တာဗျူးမှာပြောကြားလိုက်တာပါ။မန်ယူအသင်းရဲ့နည်းစနစ်ပိုင်းကို အားကစားဒါရိုက်တာအမည်မခံဘဲဖာဂူဆန်ကနောက်ကွယ်ကကိုင်တွယ်ထားပြီးနည်းစနစ်ပိုင်းနှင့်ပါတ်သတ်ရင်မကြာခဏဝေဖန်လေ့ရှိကြောင်းဆိုပါတယ်။

ကစားသမားဝယ်ယူရမှာလည်းနည်းပြစိတ်တိုင်းကျဝယ်ယူခွင့်မရှိဘဲ ဘုတ်အဖွဲ့စိတ်တိုင်းကျကစားသမားကိုသာဝယ်ယူတာများတာကြောင့် ကစားသမားအသုံးချရာမှာ လည်းခက်ခဲကြောင်းဆိုပါတယ်။သူ့အနေနဲ့ဗန်ဒါဘိကို မန်ယူအသင်းမှာနေရာရဖို့ဝေဖန်ရာမှာအဖြစ်မှန်သာဖြစ်ပြီးယင်းကိစ္စရပ်အပေါ်ဒေါသထွက်စရာမလိုကြောင်းပြန်လည်ချေပသွားပါတယ်။

ဗန်ဒါဘိဟာ ပေါ့ဘာနှင့်ဘရူနိုဖာနန်ဒက်တို့ရဲ့ခြေစွမ်းအဆင့်အတန်းမျိုး မရောက်သေးတာကြောင့် နယ်သာလန်ကြယ်ပွင့်အနေနဲ့သူ့ရဲ့ထွန်းတောက်လာမယ့်အချိန်တွေကို အရန်ခုံတန်းမှာအချိန်ဖြုန်းရတာမျိုး ကိုမဖြစ်စေလိုတာကြောင့်အပြောင်းအရွှေ့ကိုပြန်သုံးသပ်ဖို့သတပေးခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်လက်ရှိနည်းပြဆိုးရှားကို ဖာဂူဆန်ရဲ့ညာလက်ရုံးလို့အမည်ရတဲ့လကိထောက်နည်းမိုက်ဖီလန်ကအဓိကကိုင်တွယ်နေပြီးဆိုးရှားရဲ့အပေါ်မှာ ဖာဂူဆန်ရှိနေပုံကို အရိပ်အမြွတ်ပြောသွားပြီးမန်ယူအသင်းလိုအပ်နေတာဆိုးရှားလိုနည်းပြမျိုးသာဖြစ်ပြီးအခြားနာမည်ကြီးနည်းပြတွေဆိုရင် အလုပ်၃နှစ်ရဖို့မလွယ်ကူကြောင်း၎င်းကဆိုပါတယ်။

Leave a Comment

Your email address will not be published.