အရန်ခုံတန်းမှာတောင်ထိုင်ခွင့်မရှိတဲ့မန်ယူအသင်းကလက်ရွေးစင်ဂိုးသမားရဲ့ရင်ဖွင့်သံ

မန်ယူအသင်းမှာစတ္တုထဂိုးသမားဖြစ်တဲ့အာကျင်တီးနားလက်ရွေးစင်ဂိုးသမားရိုမဲရိုးဟာ မန်ယူအသင်းတာဝန်ရှိသူတွေအနေနဲ့သူ့အပေါ်အခုထက်ပိုလေးစားဖို့သူဟာနိုင်ငံလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ကြောင်းအာကျင်တီးနားမီဒီယာမှာပြောသွားခဲ့ပါတယ်။အဆိုပါအင်တာဗျူးအရ ရိုမဲရိုးဟာမန်ယူအသင်းနဲ့အတူရှိမနေဘူးဆိုတာလည်းပေါ်လွင်နေခဲ့ပါတယ်။

ရိုမဲရိုးဟာ ရှဖီးယူနိုက်တတ်အသင်းကို အငှားချထားတဲ့ဂိုးသမားလေးဟန်ဒါဆန်ကိုအသင်းကိုပြန်လည်ခေါ်ယူချိန်ထဲကအသင်းကနေထွက်ခွါခွင့်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပြီးမန်ယူတာဝန်ရှိသူတွေက မဖြစ်နိုင်တဲ့ပြောင်းရွှေ့ကြေးတွေတောင်းဆိုခဲ့တာကြောင့် အသင်းနဲ့ပြသနာဖြစ်ပွားခဲ့ရသူပါ။ရိုမဲရိုးရဲ့ဇနီးဖြစ်သူကလည်းထိုအချိန်ထဲက မန်ယူအသင်းကိုအပြင်းအထန်ဝေဖန်ခဲ့ပြီး။

ရိုမဲရိုးရဲ့ကစားသမားအေးဂျင့် ကိုလည်းအလုပ်မှထုတ်ပစ်ခဲ့ပါတယ်။ရိုမဲရိုးဟာ သူ့ရဲ့အာကျင်တီးနားလက်ရွေးစင်ကစားသမားဘဝအဆုံးမသတ်ရေးအတွက်ပွဲထွက်ကစားခွင့်ရမယ့်အသင်းကို အခုဇန်နဝါရီမှာပြောင်းရွှေ့ခွင့်ပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။သူဟာနိုင်ငံအသင်းလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီးသူ့အနာဂတ်အတွက် ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေကိုရွေးချယ်ခွင့်ပြုဖို့တောင်းဆိုသွားပါတယ်။

သူ့ရဲ့မန်ယူကစားသမားဘဝဟာအောင်မြင်ခဲ့တယ်လို့သူကယုံကြည်နေပါတယ်၅နှစ်အတွင်းမှာ ၆၁ပွဲသာပွဲထွက်ခွင့်ရခဲ့ပေမယ့် သူကမန်ယူအသင်းရဲ့ယူရိုပါလဂ်ဖလားချန်ပီယံအသင်းရဲ့ပထမဂိုးသမားဖြစ်ခဲ့သူပါ။မနှစ်ကဆီမီးဖိုင်နယ်ရှုံးပွဲတွေမှာလည်း သူပါဝင်ခွင့် မရခဲ့ဘဲပထမဂိုးသမားဒီဂီယာပွဲထွက်ခဲ့တာကြောင့် သူက သူ့ကိုယ်သူ ရှုံးပွဲမကြုံတွေ့ခဲ့ဘူးလို့ပြန်ပြောင်းပြောခဲ့ပါတယ်။

ရိုမဲရိုးဟာ မန်ယူအသင်းကို၂၀၁၅ခုနှစ်နည်းပြဟောင်းဗန်ဟားလက်ထက်ကပြောင်းရွှေ့ခဲ့ပေမယ့်ကစားသမားတွေကို မျှမျှတတဆက်ဆံသူကတော့မော်ရင်ဟိုလို့ပြောပြပါတယ်။လက်ရှိနည်းပြဆိုးရှားကိုတော့မည်သို့မှဝေဖန်သွားခြင်းမရှိပေမယ့်အသင်းအုပ်ချုပ်သူတွေအနေနဲ့ ကစားသမားတွေကိုအခုထပ်ပိုပြီးတန်ဖိုးထားသင့်ကြောင်းပြောသွားပါတယ်။

ရိုမဲရိုးကို အမေရီကန်မေဂျာလိဂ်ကလပ်အသင်းပေါင်းများစွာနဲ့လာလီဂါကလပ်အသင်း ဂရန်နာဒါအသင်းကလည်းစိတ်ဝင်စားမှုရှိနေကြောင်းသိရပါတယ်။မန်ယူအသင်းကတော့ ရိုမဲရိုးအတွက်ပြောင်းရွှေ့ကြေးပေါင်နှစ်သန်းခန့်အလိုရှိနေသေးပြီစာချုပ်သက်တမ်းနောက်ဆုံးနှစ်ရောက်ရှိနေတဲ့ကစားသမားကို ဘယ်အသင်းကမှပြောင်းရွှေ့ကြေးပေးလိုခြင်းမရှိဘူးလို့သိရပါတယ်။

Leave a Comment

Your email address will not be published.