ပေါ့ဘာ၊ဆန်းချက်ပြသနာနဲ့မန်ယူအဝတ်လဲခန်းအရှုပ်တော်ပုံအကြောင်းထပ်မံဖါင့်ဟလာတဲ့စမောလင်း

မန်ယူအသင်းကနေရိုးမားအသင်းကိုပြောင်းရွှေ့ကစားခဲ့တဲ့အင်္ဂလန်နောက်ခံကစားသမားခရစ္စမောလင်းကအီတလီမှာမန်ယူအဝတ်လဲခန်းအကြောင်းကို အီတလီရဲ့နာမည်အကြီးဆုံးRAI မီဒီယာနဲ့အင်တာဗျူးမှာထုတ်ပြောသွားခဲ့တာပါ။မန်ယူရဲ့အဝတ်လဲခန်းကအက်သံတွေဟာ ကွင်းလယ်ကစားသမားပေါ့ဘာအပေါ်မှာ အများကြီးတည်နေကြောင်းလည်း၎င်းကဆိုပါတယ်။

မန်ယူအဝတ်လဲခန်းဟာ နွေးထွေးမှုမရှိဘဲ တစိမ်းဆန်နေကြောင်းအဝတ်လဲခန်းအတွင်းမှာအုပ်စုဖွဲ့မှုတွေက မော်ရင်ဟိုလက်ထက်ထဲကရှိနေပြီးဆိုးရှားလည်းအဆိုပါပြသနာကိုဖြေရှင်းနိုင်ခြင်းမရှိကြောင်းဆိုပါတယ်။ဆန်းချက်ဟာ မန်ယူမှာအပါယ်ခံတယောက်ဖြစ်ခဲ့ပြီးဆန်းချက်အီတလီကိုပြောင်းရွှေ့မယ်ဆိုတုန်းက စမောလင်းစီဆက်သွယ်ပြီ အီတလီအခြေနေကိုပထမဆုံးမေးမြန်းခဲ့ကာအဝတ်လည်းခန်းမှာဘယ်လိုရှိလဲအရင်ဆုံးမေးခဲ့တဲ့အထိမန်ယူအဝတ်လဲခန်းကိုဆန်းချက်ကြောက်ရွှံသွားခဲ့ကြောင်းဆိုပါတယ်။

မန်ယူအသင်းမှာ ပြင်သစ်သာတွေဖြစ်တဲ့ပေါ့ဘာနှင့်မာရှယ်ကတို့နှင့်အတူ လူငယ်အသင်းထဲကအတူတကွလက်တွဲလာတဲလင်ဂတ်၊ရက်ဖိုစ့်တို့ဟာသီးသန့်လူစုလိုဖြစ်နေပြီးအခြားကစားသမားတွေနဲ့သိပ်ရောရောနှောနှောနေလေ့မရှိဘဲပွဲကန်ချိန်မှာလည်း သူတို့အုပ်စုသာသီးသန့်ဘောလုံးပေးလေ့ရှိတာကြောင့် တခြားတိုက်စစ်ကစားသမားတွေကျဆုံးခြင်းကိုလွယ်လွယ်ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။

နေရာမျိုးစုံမှာအထူးကျိုးစားတဲ့လူကာကူတောင် ပေါ့ဘာတို့အုပ်စုနဲ့အတွေ့မှာဘယ်နေရာကစားရမှန်းမသိတဲ့အနေထားမျိုးတွေထိဖြစ်ခဲ့ရပြီးဆန်းချက်ဟာ ပွဲချိန်ပြည့်ကစားရတဲ့ပွဲစဉ်တေါမှာတောင်ဘောလုံးထိချက်၂၀ပြည့်ဖို့မနည်းကစားခဲ့ရကြောင်းဆိုပါတယ်။

အဆိုပါပြသနာတွေရဲ့ ဒဏ်ကြောင့် အရှလေကိုးပါအဝင် ကစားသမားအများစု အသင်းပြောင်းခဲ့ကြပြီးသူလည်းအဆင်မပြေခဲ့ကြောင်းစမောလင်းကဆိုပါတယ်။သူ့ရဲ့အပြောင်းအရွှေ့ကိုအပြောင်းအရွှေ့နောက်ဆုံးအချိန်ထိမန်ယူအမှုဆောင်အရာရှိဝုဒ်ဝက်ကအချိန်ဆွဲခဲ့တာကိုလည်းစမောလင်းကဒေါသထွက်နေခဲ့ပြီး။

အဆိုပါအကြောင်းအရာကိုကျွန်တော်ပြီးခဲ့တဲ့အငှားကစားခဲ့တဲ့ရာသီမှာထဲက ကျွန်တော့်အနာဂတ်ကဒီမှာ ကျွန်တော်ဒီအသင်းမှာသေချာပေါက်ပြောင်းရွှေ့ကစားမယ်ပြောခဲ့ပြီးတာတောင်ကျွန်တော်ကိုအသင်းမှာကစားခွင့်ကလည်းမပေး။အသင်းကနေထွက်ခွါခွင့်လည်းမပေးတဲ့အခြေနေမှာ ဘာမှန်းမသိဖြစ်နေခဲ့ရပါသေးတယ်။နောက်ဆုံးအချိန်မှပြောင်းရွှေ့ခွင့်ရတာကျွန်တော်အတွက်အပျော်ဆုံးအချိန်ပါလို့ပြောသွားခဲ့ပြီးမန်ယူအသင်းအဝတ်လဲခန်းမှအက်သံများကိုဖွင့်ဟသွားပါတယ်။

Leave a Comment

Your email address will not be published.