ဂလေဇာမိသားစုအကြောင်း ပထမဆုံး ရင်ဖွင့်ခဲ့တဲ့ အက်ဝုဒ်

ဥရောပမှာကြီးကျယ်ခမ်းနားမှုပေါင်းများစွာဆွတ်ဖူးခဲ့တဲ့ယူနိုက်တက်ဟာ အပြောင်းအရွှေ့ကာလတစ်ခုရောက်တိုင်း ဘယ်ကစားသမားကိုဘယ်လိုခေါ်မယ်ဆိုတဲ့သတင်းတွေထွက်လာနေကြပဲဖြစ်ပါတယ်။

ပြီးရင်တော့ ထုံးစံအတိုင်း လိုချင်တဲ့လူတွေကိုခေါ်ယူနိုင်ခဲ့တာမျိုးမရှိပဲနည်းပြတွေနဲ့ဘုတ်အဖွဲ့ ဂလေဇာမိသားစုနဲ့ အက်ဝုဒ်တို့အကြား ကွယ်ဝှက်ထားတဲ့ပြဿနာတွေတက်ကြရပြန်ပါတယ်။ အခုခါမှာတော့ အက်ဝုဒ်က သတင်းရင်းမြစ်တစ်ခုကို ဂလေဇာမိသားစုအကြောင်းရင်ဖွင့်ခဲ့တယ်လို့ဆိုပါတယ်။

“ယူနိုက်တက်အတွက်လိုနေတာတွေ ခေါ်ယူပေးဖို့ကျွန်တော်တစ်ယောက်တည်းနဲ့မပြီးဘူးဆိုတာအားလုံးသိပါတယ်။ လိုချင်နေတာတွေအတွက် ပိုင်ရှင်တွေက ပိုက်ဆံမှမထုတ်ချင်ကြတာဗျာ။ ကိုရိုနာကပ်ရောဂါကြောင့်စီးပွားရေးကြပ်တည်းတာတော့အားလုံးလိုလိုပါပဲ။ ကျွန်တော်တို့တစ်သင်းတည်းမှမဟုတ်တာလို့” အက်ဝုဒ်ကညဉ်းတွားခဲ့တယ်လို့ဆိုပါတယ်။

အက်ဝုဒ်ညဉ်းတွားခဲ့သလိုပါပဲ.ဥရောပဘောလုံးရပ်ဝန်းရဲ့ နွေရာသီအပြောင်းအရွှေ့ကာလတစ်ခုကိုရောက်တိုင်း နာမည်ကြီးကစားသမားတွေနဲ့ရော နာမည်သိပ်မကြီးတဲ့ ကစားသမားတွေနဲ့ပါ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့အသင်းကတော့ ကျွန်တော်တို့ရဲ့ နာမည်ကျော် မန်ချက်စတာယူနိုက်တက်ပါပဲ။

ဂလေဇာမိသားစုနဲ့ လူခေါ်ယူရေးမှာ ကြန့်ကြာနေတဲ့အက်ဝုဒ်တို့ကို ပရိတ်သတ်ပေါင်းသိန်းနဲ့ချီကာ ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာသတင်းတွေမှာလည်း ဂလေဇာမိသားစုဟာ အသင်းထက်ပိုက်ဆံရရှိရေးကိုသာ ဦးစားပေးစဉ်းထားကြတယ်ဆိုတာကတော့ရှင်းပါတယ်

နမာလို နာမည်ကြီးကစားသမား တွေကအစ၊ ဟိုး ချန်ပီယံရှစ်က မထင်မရှားကစားသမားတွေအဆုံး ယူနိုက်တက်နဲ့သတင်းမထွက်တဲ့ ကစားသမားဆိုတာမရှိသလောက်ပါ။ဒါပေမဲ့လည်းတကယ်တမ်းအသင်းထံရောက်လာတဲ့ ကစားသမားအရေအတွက်ကျတော့ သတင်းတွေထွက်နေတဲ့အရေအတွက်နဲ့ အချိုးချကြည့်လိုက်ရင် အယောက်(၂၀)လောက်မှာ တစ်ယောက်လောက်သာရှိပါတယ်။

ဥရောပအသင်းကြီးတွေကြားထဲ ယူနိုက်တက်က လက်လက်အထဆုံး။ တော်ကြာ ဆန်ချိုရောက်တော့မယ်း ဘာကာက ထွက်တော့မယ် မက်ဆီကိုခေါ်မယ်ဆိုပြီးလုပ်နေပြန်ပြီ၊ အစရှိသဖြင့် တကယ်ပဲရောက်တော့မလိုလိုနဲ့ ဟိုးလေးတကျော်ကျော်ကိုဖြစ်လို့။

ပရိသတ်တွေကတော့ ကောလဟာလတွေကြား တောင်ကြည့်လိုက် မြောက်ကြည့်လိုက်နဲ့ ယုန်ကလေးတွေကျနေတာပဲ နားရွက်လေးတွေကိုထောင်လို့။ သတင်းထွက်လာတိုင်း နားစွန့်ထားရတာကိုး။

နာမည်ကြီးကစားသမားဆို အသင်းကိုပဲ လာစေချင်လွန်းလို့။ ဒါပေမဲ့ နောက်ဆုံးတော့လည်း အကုန် သူများနောက်ပါသွား၊ ဒီဘူတာပဲပြန်ဆိုက်၊ အသင်းပရိသတ်တွေက ကြေကွဲပြီးကျန်ခဲ့။

ဒီတော့ အက်ဝုဒ်နဲ့ ဂလေဇာမိသားစုရဲ့ ယူနိုက်တက်အတွက် စီမံထားတဲ့ အနာဂတ်စီမံကိန်းဆိုတာဘာလဲမေးခွန်းထုတ်ရမလိုပါပဲ။

Leave a Comment

Your email address will not be published.