ငယ်မွေးခြံပေါက်ကြယ်ပွင့်ကစားသမားတစ်ဦးထပ်မံဆုံးရှုံးရဦးမည့်မန်ယူအသင်း

မန်ယူအသင်းဟာအသင်းလူငယ်စီမံကိန်းမှထွက်ပေါ်လာတဲ့ အသက်၂၇နှစ်အရွယ်ကွင်းလယ်ကစားသမားလင်ဂတ်ကို ပြောင်းရွှေ့ကြေးမဲ့ဖြင့်အသင်းမှထွက်ခွါခွင့်ပေးရတော့မှာဖြစ်ပါတယ်။လင်ဂတ်ရဲ့စာချုပ်သက်တမ်းဟာမန်ယူအသင်းနဲ့နောက်ဆုံးနှစ်ထဲကိုရောက်ရှိနေပြီးလာမယ့်ဇန်နဝါရီမှာကို အသင်းကနေထွက်ခွါသွားဖွယ်ရှိနေပါတယ်။

လင်ဂတ်ဟာနည်းပြဆိုးရှားစတင်ရောက်ရှိချိန်လောက်တုန်းကမန်ယူအသင်းမှာ ပွဲထွက်ကစားသမားအဖြစ်ကစားခွင့်ရရှိနေရာမှခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့်နေရာတဖြေးဖြေးပျောက်ခဲ့ရသူပါ။မိသားစုပြသနာတွေနဲ့ကစားသမားကိုယ်တိုင်က ဖက်ရှင်မော်ဒယ်တစ်ဦးလိုပြုမူနေထိုင်တာတွေကြောင့် ခြေစွမ်းကျဆင်းလာခဲ့တယ်လို့ပရိတ်သတ်တွေကဝေဖန်ခဲ့သူပါ။

ဘရူနိုဖာနန်ဒက် မန်ယူအသင်းကိုရောက်ရှိလာပြီးနောက်ပိုင်းဖရက်နဲ့တော်မီနေးတို့ခြေစွမ်းတိုးတတ်လာမှုတွေကြောင့် လင်ဂတ်အနေနဲ့မန်ယူအသင်းရဲ့အရန်ခုံတန်းမှာတောင်မမြင်ရတာအတော်ကြာတဲ့အနေထားထိရောက်ရှိလာခဲ့ပြီး။အခုနှစ်ဘောလုံးရာသီမှာဆိုရင်လည်းအသင်းအတွက်လိဂ်ဖလားပွဲစဉ်နှစ်ပွဲသာ ကစားခွင့်ရခဲ့ပါသေးတယ်။

ဒီလိုအနေထားမျိုးတွေကို လင်ဂတ်ကိုယ်တိုင်စိတ်ပျက်နေပြီး မန်ယူအသင်းဘက်ကနေစာချုပ်သက်တမ်းတိုးကမ်းလှမ်းလာခဲ့ရင်တောင်လက်မခံတော့ဘူးလို့မီဒီယာတွေမှာထုတ်ပြောလာခဲ့ပါပြီ။လင်ဂတ်က ယူနိုက်တတ်အသင်းနဲ့ ကျွန်တော်လမ်းခွဲတော့မှာဖြစ်ပြီးအသင်းနဲ့ကျွန်တော်စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိနေပါပြီ။လာမယ့် ဇန်နဝါရီမှာကျွန်တော်အနာဂတ်ကို ဆုံးဖြတ်ပါတော့မယ်လို့ပြောသွားခဲ့ပါတယ်။

လင်ဂတ်ကိုကမ်းလှမ်းထားတဲ့အသင်းတသင်းမှမရှိသေးဘဲ စကောတလန်ပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းနဲ့ရိန်းဂျားအသင်းတို့ကတော့ဇန်နဝါရီမှာ အငှားနဲ့ခေါ်ယူဖိုစိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။လင်ဂတ်ကတော့ သူဟာ နိုင်ငံရပ်ခြားကိုထွက်ခွါပြီးစွန့်စားမှုအသစ်တွေရှာဖွေဖို့လည်းစိတ်ဝင်စားကြောင်းပြောသွားပါသေးတယ်

Leave a Comment

Your email address will not be published.