ဗယ်လင်စီယာအသင်းကိုချက်ခြင်းပြောင်းနိုင်ဖို့ပြောင့်ရွှေ့ကြေးတချို့တဝက်ကိုယ်တိုင်စိုက်ထုတ်မယ့်မန်ယူဂိုးသမား

မန်ယူအသင်းရဲ့စတ္တုထဂိုးသမားဖြစ်တဲ့အာကျင်တီးနားလက်ရွေးစင်ဂိုးသမား ရိုမဲရိုးဟာစပိန်လာလီဂါကလပ်အသင်းဗလင်စီယာအသင်းကို လာမယ့်သုံးပါတ်အတွင်းပြောင်းရွှေ့တော့မှာမှာဖြစ်ကြောင်းအားကစားသတင်းထောက်Hugo Ballester ကပြောကြားခဲ့ပါတယ်။

Hugo Ballester က ရိုမဲရိုးရဲ့ယူနိုက်တတ်နေ့ရက်တွေကုန်ဆုံးသွားပါပြီ။သူဟာလွန်ခဲ့တဲ့သုံးပါတ်ကာလထဲကဗလင်စီယာအသင်းနဲ့သဘောတူလက်မှတ်ရေးထိုးပြီးပါပြီ။ဗလင်စီယာဂိုးသမားဂျက်စပါကလာဆန်ဒဏ်ရာရရှိသွားချိန်ထဲက ဗလက်စီယာအသင်းကရိုမဲရိုးကို ခေါ်ယူဖို့သဘောတူညီမှုကိုူယူခဲ့တာပါဟုဆိုပါတယ်။

ရိုမဲရိုးဟာ မန်ယူအသင်းမှာတပါတ်ကိုလုပ်ခလစာပေါင်၅သောင်းရရှိနေပြီး ဗလင်စီဟာအသင်းမှာတော့ယင်းလစာထက်များစွာလျှော့ယူမယ်လို့သိရပါတယ်အဆိုပါသဘောတူညီမှုမှာ ကစားသမားနှင့် ဗလင်စီယာအသင်းတို့၏သဘောတူညီမှုသာဖြစ်ပြီးမန်ယူအသင်းနှင့်ညှိနှိုင်းထားမှုမပါဝင်ကြောင်းသိရပါတယ်။

စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိနေပြီဖြစ်တဲ့ရိုမဲရိုးဟာ အခုလာမယ်ဇန်နဝါမှာ ကြိုက်တဲ့အသင်းနဲ့သဘောတူစာချုပ်ချုပ်ထားပြီးနောက်အပြောင်းအရွှေ့မှာအလွတ်ထွက်ခွာနိုင်ပေမယ့်တစ်ရာသီလုံးဘောလုံးမကစားရဖြစ်သွားနိုင်လို့ရိုမဲရိုးကအသင်းကိုပြောင်းရွှေ့ကြေးပေးချေစေလိုပြီးအခုဇန်နဝါရီမှာဘဲထွက်ခွါလိုနေပါတယ်။

ရိုမဲရိုးအတွက်မန်ယူအသင်းကပြောင်းရွှေ့ကြေးပေါင်နှစ်သန်းသတ်မှတ်ထားပြီးဗလင်စီယာအသင်းကတော့ထိုပမာဏကိုပေးချေမှာမဟုတ်တာသေချာပါတယ်။ဒီအတွက်ပြောင်းရွှေ့ကြေးကိုလျှော့ချပေးဖို့ရိုမဲရိုးကတောင်းဆိုလိုက်ပြီးပြောင်းရွှေ့ကြေးရဲ့တချို့တဝက်ကိုကိုယ်တိုင်စိုက်ထုတ်မှုတွေပြုလုပ်သွားမယ်လိုလဲသိရပါတယ်။

မန်ယူအသင်းကို၂၀၁၅ခုနှစ်ကပြောင်းရွှေ့လာတဲံရိုမဲရိုးဟာ မန်ယူအသင်းမှာ၅ရာသီကြာကစားခဲ့ပြီးအသင်းအတွက်၆၄ပွဲကစားခွင့်ရရှိထားသူဖြစ်ပါတယ်။အသင်းကိုရှဖီးအသင်းမှာအငှားချထားတဲ့အင်္ဂလန်လူငယ်ဂိုးသမားဟန်ဒါဆန်ပြန်လည်ရောက်ရှိလာချိန်မှစတင်ပြီးနေရာပျောက်ခဲ့ရသူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.