လာမည့်ပွဲစဉ်တွင်အသင်းလူစားရင်းမှနာမည်ကြီးအသုံးမကျကစားသမားနှစ်ဦးကိုမထည့်သွင်းရန်အီယန်ရိုက်တောင်းဆို

အာဆင်နယ်အသင်းရဲ့နောက်ထပ်ယှဉ်ပြိုင်ရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းမှနာမည်ကြီးပြီးအသုံးမကျတဲ့ကစားသမားနှစ်ဦးကိုလူစာရင်းတွင်ထည့်သွင်းခြင်းမပြုရန်အာဆင်နယ်ဂန္ဓဝင်ကစားသမားကြီးအီယန်ရိုက်ကတောင်းဆိုလိုက်ပါတယ်။

အီယန်ရိုက်ကအသင်းလူစာရင်းကနေဖယ်ရှားဖို့တောင်းဆိုလိုတဲ့ကစားသမားကသုံးဦးရှိနေကြောင်းဆိုပါတယ်။ဒါပေမယ့်ထိုအထဲကတစ်ဦးဖြစ်တဲ့ချာကာကတော့တိုက်ရိုက်အနီကဒ်ပြစ်ဒဏ်ကြောင့် သုံးပွဲပါယ်ခံရမှဖြစ်တာကြောင့်သူထည့်သွင်းပြောစရာမလိုတော့ဘူးလို့ဆိုပါတယ်။

ချာကာဟာစဉ်းစားဥဏ်နည်းလါနးလှပြီးမူးယစ်ဆေးလိုဘဲကျန်အသင်းဖေါ်တွေကိုပါဒုက္ခတွေပေးလေ့ရှိတဲ့အကြိမ်တွေများလှပြီဖြစ်နေပြီး အသင်းမှာသူ့ရဲ့တာဝန်ပိုင်းက ဘယ်နေရာလည်းဆိုလည်းခုချိန်ထိထင်ထင်ရှားရှားမသိသေးဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတတယ်။

နောက်ထပ်လူစာရင်းကနေဖယ်ထုတ်ပေးဖို့တောင်းဆိုခဲ့တဲံကစားသမားနှစ်ဦးကတော့ တိုက်စစ်မှူး လာကာဇက်နှင့်တောင်ပံကစားသမားဝီလီယံတို့ဖြစ်ကြောင်းဆိုပါတယ်။အဆိုပါကစားသမးနှစ်ဦးကလည်းအသင်းအတွက်အကျိုးပြုတာသေချာမတွေ့ဘူးသေးသလိုနည်းပြကဘာကြောင့်ထည့်သွင်းကစားနေမှန်းနားမလည်ကြောင်းပြောသွားခဲ့ပါတယ်။

အဆိုပါကစားသမားသုံးဦးနေရာမှာ လူငယ်တိုက်စစ်မှူးအန်ကက်တီးယား၊စမစ်ရိုလ်းနဲ့ဂျိုးဝေးလော့၊အရှလေမီလန်းနိုင်းတို့လိုလူငယ်လေးတွေကိုထည့်သွင်းကစားစေပြီးအသင်းကိုပြုပြင်ပြောင်းလဲပေးရင်သိပ်ကောင်းမှာဘဲလို့ဆိုပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်ဖို့လိုနေပါတယ်။ကွဲပြားခြားနားတာတွေကို လုပ်ကိုလုပ်ရပါလိမ့်မယ်အခုကစားသမားတွေကိုဆက်ပြီးယုံကြည်နေမယ်ဆိုရင်တော့အာဆင်နယ်ဘာဖြစ်လာမလဲကျွန်တော်လဲမပြောတတ်တော့ပါဘူးအာဆင်နယ်ဟာယုံကြည်မှုအရအမှန်တကယ်အကျပ်အတည်းရောက်နေပြီလို့ကျွန်တော်ထင်ပါတယ်။ အခုချိန်မှာပိုပြီးနိမ့်ကျနေပါပြီပြင်ဆင်မှုလိုနေပါပြီလို့အသင်းဟောင်းအပေါ်ဝေဖန်ခဲ့ကြောင်းပါ။

Leave a Comment

Your email address will not be published.