ဝမ်းနည်းမှုတွေပြီးဆုံးသွားပြီဖြစ်ပြီး လာလီဂါဘုရင် ဆိုစီဒက်စ်ကို ရင်ဆိုင်ဖို့ သရဲနီတွေစိတ်ဓါတ်အမြင့်မားဆုံးရှိနေတယ်လို့ ဆိုလ်းရှားပြော

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဥရောပမျှော်လင့်ချက်အတွက် ယူရိူပါလိဂ်ပြိုင်ပွဲမဲခွဲပွဲကို ယနေ့ညနေက ကျင်းပခဲ့ပြီးနောက်မှာတော့ ယူနိုက်တက် အသင်းသည် ကံအကြောင်းမလှပဲ ဆိုစီဒက် အသင်းနဲ့ ရင်ဆိုင်ရတော့မှာ တွေ့ရဘာ တယ် ။

ယူနိုက်တက်မှာ လက်ရှိအခြေအနေအတွေအရ ရှုပ်ထွေးမှုတွေဖြစ်နေပေမယ့် လာလီဂါဘုရင် ဆိုဆီဒက်ကို အကောင်းဆုံးရင်ဆိုင်သွားနိုင်မယ်လို့ ဆိုးလ်းရှားကပြောပါတယ်။

ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ လက်ရှိမှာသူက လာလီဂါဘုရင်ဆိုပေမယ့် ယူရိုပါလိဂ်အတွက် သူ့ကိုရင်ဆိုင်ဖို့ ကျွန်တော်တို့အသင်းသားတွေဟာ စိတ်ဓါတ်အမြင့်မားဆုံးရောက်နေပါပြီး။ ဝမ်းနည်းစရာရှိတာတွေဝမ်းနည်းခဲ့ပြီးပြီလေ။ လို့ ဆိုလိးရှားကဆိုပါတယ်။

ချန်ပီယံလိဂ် ကနေ ပြုတ်ပြီးနောက်ယူနိုက်တက် အသင်း ရဲ့ မျှော်လင့်ချက် အဖြစ် ဥရောပမှာ ယူရိုပါလိဂ်က အဓိကမျှော်လင့် စရာ ဖလားဖြစ်နေပေမယ့် ယနေ့မှာတော့ မျှော်လင့်ချက်တချို့ဆိတ်သုဉ်းသွားရပါပြီ။ယူနိုက်တ‌ဒ်အနေနဲ့ RB လိုက်ပဇ်၊ပီအက်စ်ဂျီ တို့လို ဥရောပ အင်အားကြီး အသင်း တွေကိုရင်ဆိုင်အရေးနိမ့်ပြီးနောက် ဆိုစီဒက် လို လာလီဂါ လိဂ်ကို ဦးဆောင်နေတဲ့ လက်ရှိ ခြေစွမ်း၊ပုံစံကောင်းဪနေတဲ့ အသင်းကို ရင်ဆိုင်ရမှာကတကယ်ကို ပြသနာရှိလာနိုင် ပါတယ်။

ဆိုစီဒက်က ဘာစီလိုနာ၊ရီးရဲလ်၊တို့မင်းမူနေတဲ့ လာလီဂါနန်းမှာ လက်ရှိယာယီ ဘုရင်ဖြစ်သလို ခြေစွမ်းနဲ့တည်ငြိမ်မှု့ကလည်း အတော်လေး ကောင်းမွန်နေပါတယ်။ ယူနိုက်တဒ်ရဲ့လက်ရှိ ဥရောပအခြေအနေတွေအရတော့ ဆိုစီဒက်ကိုယှဉ်နိုင်ဖို့ အတော်လေးခက်ခဲနိုင်ချေတွေရှိနေ ပါသေးတယ်။

ဆိုစီဒက် က လာလီဂါမှာ (၁၃) ပွဲကစားကာ (၇) ပွဲနိုင် (၅) ပွဲသရေကျထားပြီး ရှုံးပွဲတစ်ပွဲသာ ရှိသေးသလို စက်တင်ဘာလကနေ ယခုထိကို လာလီဂါမှာ ရှုံးနိမ့်ထားခြင်းမရှိပဲ လီဂါထီးနန်းကိုသိမ်းပိုက်ထားသူပါ။ဒီကာလအတွင်းမှာ (၂၃) ဂိုးသွင်းယူကာ (၆) ဂိုးသာပေးထားရသေးပြီး ခံစစ်-တိုက်စစ် အကောင်းဆုံးအနေထားရောက်နေသလို ယူနိုက်တဒ် ရဲ့လက်ရှိအနေထားနဲ့ ဆိုစီဒက် ကို ရင်ဆိုင်ဖို့က အတော်လေးခက်ခဲ နိုင်ပါတယ်။

သို့ပေမယ့်လည်း မန်ချက်စတာယူနိုက်တ‌တ်က ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ (ဒုတိယ) နဲ့ လိုက်ပဇ် (ဆီမီး) တို့ကို အနိုင်ကန်ခဲ့ဖူးသလို ယူရိုပါလိဂ်အတွေ့‌ကြုံကောင်းတွေရှိနေတာကြောင့်ခက်ခဲလွန်းတဲ့ အနေထားမှာ တော့ မရှိနေပေမယ့်ဆိုးလ်ရှားတစ်ယောက် ဂရုတစိုက် ယှဉ်ပြိုင်ဖို့တော့လိုပါလိမ့်မယ်။ ယူနိုက်တဒ် အနေနဲ့ဆိူးလ်ရှားလက်ထက်မှာ ယူရိုပါလိဂ်ကို ဆီမီးအဆင့်ထိ ‌တက်ကန်ဖူး သလို ၂၀၁၇ မှာ ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံဖူးလို့ အတွေ့ကြုံများစွာရှိပေမယ့် တစ်ဦးချင်းအမှားတွေ ထပ်မံ ကြုံတွေ့တာမျိုးမဖြစ်ဖို့တော့လိုပါလိမ့် မယ်။

ကစားသမားတွေအနေနဲ့အသင်းတန်ဖိုး၊ပြိုင်ပွဲအဆင့်အတန်းတွေကိုအမြင့်မားဆုံးအနေထားနဲ့နားလည်ဖို့လိုအပ်ပြီး အောင်မြင်မှု့တစ်ခုခုရချင်တယ်ဆိုရင်တော့ ဆိုစီဒက် လို အသင်းမျိုးကို အနိုင်ယူထားဖို့တော့ လိုပါ လိမ့် မယ်။

ဆိုစီဒက် မှာ မန်စီးတီး ဂန္နဝင် စပိန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဆေးဗား ရှိနေသေးသလို သရဲနီတပ်သားဟောင်း ဂျာနူဇက် လည်း ရှိနေပြီး ဒီရာသီမှာအတော်လေးခြေစွမ်းပြကစားနေနိုင်ပါသေးတယ်။

ဒီပွဲကအတော်လေးဆွဲဆောင်မှု့ရှိသလို ပရိတ်သတ်အကြိုက်တွေ့မှာဖြစ်ပြီး ယူနိုက်တဒ်အတွက်လည်းတကယ်ကိုအရေးကြီးအနိုင်ယူရမယ့်ပွဲစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်။ပထမအကျော့ကို ဖေဖဝါရီ (၁၈) မှာစတင်ယှဦပြိုင်ပြီး ဒုတိယအကျော့ကတော့ ဖေဖဝါရီ (၂၅) မှာယှဉ်ပြိုင်မှာဖြစ်ပြီးတစ်ပတ်အတွင်းအဖြေထွက်မယ့် ပွဲလည်းဖြစ်ပါတယ်။ဒီကာလအတွင်းယူနိုက်တ‌ဒ်က ဝက်စ်ဘရွမ်း၊ဆိုစီဒက်၊နယူးကာဆယ်၊ဆိုစီဒက်၊ချဲလ်ဆီး ဆိုတဲ့ပွဲစဉ်ဇယားကိုရင်ဆိုင်ရမှာဖြစ် ပါတယ်။

Leave a Comment

Your email address will not be published.