သဘောထားကြီးတဲ့ ကစားသမားတယောက်ရှိနေလို့ မန်ယူအဆင်ပြေနေတာပါဆိုတဲ့ ရိုင်ယန်ဂစ်

မန်ချက်စတာယူနိုက်တက် ဟာ ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် ယူရိုပါလိဂ်ပွဲစဉ်အတွက် ရီးရဲဆိုစီဒစ်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်…

မန်ချက်စတာယူနိုက်တက်ဟာ ကွင်းတွင် ကွင်းပြင်မှာ ကစားသမားတွေကြား အချေအတင်တွေဖြစ်နေပေမဲ့ တဦးတည်းသောကစားသမားကတော့ သဘောထားကြီးစွာ တုံ့ပြန်ဖြေရှင်းပြီးအကောင်းဆုံးခြေစွမ်းတွေကို ထိမ်းသိမ်းနေဆဲပါ……

အဲ့ဒီကစားသမားအကြောင်းကို ရိုင်ယန်ဂစ်က ပြောပြလာခဲ့ပါတယ်…

ရိုင်ယန်ဂစ်က ” ကျနော်အခုပြောချင်တာက မန်ယူအတွက် ဒီလို ကစားသမားမျိုးပိုင်ဆိုင်ထားရတာဟာ တကယ့်ကိုကောင်းတဲ့ အခွင့်အရေးပါ…အဲ့ဒီကစားသမားကတော့ ဘရူနိုဖာနန်ဒက်ပါဘဲ…သူဟာ လင်ဒီလော့နဲ့ ဖြစ်တယ် ဒါပေမဲ့ ဒေါသမထွက်ဘူး သဘောထားကြီးစွာဖြေရှင်းတယ်……

အသင်းခေါင်းဆောင် ကို အိုလေက မပေးဘူး ဒါပေမဲ့ ကွင်းထဲမှာ အကောင်းဆုံး တုံ့ပြန်နေတယ် ကစားနေတယ် တကွင်းလုံး မမောမပန်းဘဲ ပြေးလွားပြီး ဂိုးသွင်းဖို့ ဖန်တီးပေးဖို့ ရုန်းကန် နေတယ်…မန်ယူအသင်း လက်ရှိ အခြေနေကောင်းတခု ဟာ ကွင်းလယ်ကနေ ဘရူနိုက ကောင်းမွန်ပြီး ပရော်ဖက်ရှင်နယ်ကျစွာ ထိမ်းကျောင်းနေလို့ ဒီလို ရလဒ်အနေအထားကို ပိုင်ဆိုင်ထားတာပါ ဟု ဂစ်ကပြောသွားခဲ့ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.