အကြွေးဒဏ်ပိလာသောမန်ယူအသင်းဇန်နဝါရီတွင်အဝင်မရှိဘဲကစားသမားငါးဦးအထွက်ရှိမည်

မန်ချက်စတာယူနိုက်တတ်အသင်းဟာကြွေးမြီးပမာဏတိုးမြင်လာတာကြောင့်လာမယ့်ဇန်နဝါရီဈေးကွက်မှာအသင်းရဲ့လူအင်အားကိုလျှော့ချပြီးလစာပေးချေနေရမှုကိုလျော့ကျသွားအောင်လုပ်ဆောင်နေဖို့ရှိနေပါတယ်။မန်ယူအသင်းကသာကြွေးမြီးတွေတတ်လာပေမယ့်မန်ယူအသင်းကိုစီမံအုပ်ချုပ်နေတဲ့ဂလေဇာမီသားစုးပိုင်ကုပ္မဏီကတော့အသင်းကနေအကျိုးဆောင်ခငွေတွေပုံမှန်ထုတ်ယူနေဆဲဘဲဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပထမအသင်းကစားသမားငါးဦးဖြစ်တဲ့နောက်ခံကစားသမားဖီးဂျုံး၊ရိုဟိုကွင်းလယ်ကစားသမားလင်ဂတ်အငှားသက်တမ်းပြည့်တော့မယ့်တိုက်စစ်မှူးအီဂါလိုနဲ့ဂိုးသမားရိုမဲရိုးတို့ကိုအသင်းကနေထွက်ခွါသွားဖို့ပြောဆိုထားတယ်လို့သိရပါတယ်။အဆိုပါကစားသမားငါးဦးလုံးဟာ မန်ယူအသင်းမှာပွဲထွက်ကစားခွင့်မရဘဲဖြစ်နေတဲ့ကစားသမားတွေဘဲဖြစ်ပါတယ်။

နောက်ခံကစားသမားဖီးလ်ဂျုံးနဲ့ရိုဟိုဟာခံစစ်ပြသနာတတ်နေတဲ့မန်ယူအသင်းအတွက်အဖြေတစ်ခုဖြစ်နိုင်ပေမယ့်ဆိုးရှားကတော့ လုံးဝအသုံးပြုခြင်းမရှိတာတွေ့ရပါတယ်။အထူးသဖြင့်ဘယ်ခြေအားသန်နောက်ခံကစားသမားတစ်ဦးအသည်းအသန်ရှာဖွေနေတဲ့ ဆိုးရှားဟာ ဘယ်ခြေအားသန်တန်တဲ့ရိုဟို ကို လုံးဝအသုံးပြုခြင်းမရှိတာဟာမန်ယူအသင်းဟာရွေးချယ်စရာရှိရက်ဘာကြောင့်မလုပ်ဆောင်ခဲ့မှန်းမသိရတဲ့အခြေနေပါ။

တိုက်စစ်မှူးအီဂါလိုဟာလည်းလက်ရှိအသင်းမှာတိုက်စစ်အင်အားနည်းနေချိန်မှာတောင် လူစားဝင်ရောက်ကစားခွင့်မရတဲ့အနေထားမျိုးဖြစ်နေပြီးသူ့ရဲ့မူလကလပ်အသင်းဖြစ်တဲ့တရုတ်စူပါလိဂ်အသင်းရှန်ဟိုင်းအသင်းကိုပြန်လည်ထွက်ခွါရတော့မှ။မန်ယူအသင်းနဲ့ကစားခွင့်ရတဲ့အချိန်တိုင်းမှာ ရေကုန်ရေခမ်းကစားလေ့ရှိတဲ့အီဟာလိုကို မန်ယူပရိတ်သတ်တွေလွမ်းဆွတ်နေမှာတော့အမှန်ဘဲဖြစ်နေမှာပါ။

မန်ယူအသင်းဟာကစားသမားအထွက်ကိုသာအာရုံစိုက်နေပြီးပြနလည်ဝယ်ယူဖို့တော့စီစဉ်နေခြင်းမရှိဘဲပြီးခဲ့တဲ့အပြောင်းအရွေ့ကဝယ်ယူထားတဲ့အတ္တလန်တာအသင်းကလူငယ်ကစားသမားလေးတစ်ဦးသာအသင်းကိုဝင်ရောက်လာဖို့ရှိနေပါတယ်။

Related Topic:

Leave a Comment

Your email address will not be published.