ပြင်သစ်လူငယ်တွေကိုအမြင်မကြည်တဲ့အာတီတာ၊ဆာလီဘာကိုလည်းအငှားချတော့မည်ဟုဆို

အာဆင်နယ်အသင်းနည်းပြအာတီတာကအသင်းရဲ့လူငယ်နောက်ခံကစားသမားဆာလီဘာကိုအသင်းကနေအငှားနဲ့ထွက်ခွါခွင်ပြုတော့မယ်လို့BT Sportသတင်းမှာဖေါ်ပြလိုက်ပါတယ်.အာတီတာကဆာလီဘာကို အင်္ဂလန်မှာ ကစားတဲ့အတွေ့အကြုံရရှစဖေို့လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်းသင်းစီအငှားချထားဖို့ခွင်ပြုလိုက်ပါပြီ။

ဆာလီဘာကိုအငှားနဲ့ခေါ်ယူနိုင်ဖို့ချန်ပီယံရှစ်အသင်းတွေဖြစ်တဲ့ဝက်ဖိုစ်အသင်းနဲ့ နော်ရစ်အသင်းတို့အပြိုင်ဖြစ်နေကြပြီးအခုဇန်နဝါရီမှာဘဲအရခေါ်ယူသွားမယ်လို့သိရပါတယ်။ဆာလီဘာဟာအာဆင်နယ်အသင်းကစားသမားစာရင်းမှာပါဝင်ခြင်းမရှိတာကြောင့် အာဆင်နယ်လူငယ်အသင်းမှာသာကစားခွင့်ရနေပြီးအာတီတာကတော့ဆာလီဘာခြေစွမ်းမပြနိုင်တာကစားသမားရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့လည်းဆိုင်တယ်လို့ဆိုပါတယ်။

ပြင်သစ်ရဲ့အကောင်းဆုံးလူငယ်ခြေတတ်ကစားသမားအဖြစ်သတ်မှတ်ခံထားရတဲ့ဆာလီဘာဟာစိန့်အက်စတင်းအသင်းကနေအာဆင်နယ်ကိုအပြီးသတ်ပြောင်းရွေ့လာချိန်မှာအံအားသင့်စရာနေရာမရဖြစ်ခဲ့ပြီးလူငယ်အသင်းမှာသာကစားနေရတာကြောင့်ဆာလီဘာခြေစွမ်းပြနိုင်လား၊မပြနိုင်လား လည်းဘောလုံးအကဲဖြတ်တွေကိုယ်တိုင်မပြောနိုင်တဲ့အခြေနေပါ။

ဆာလီဘာကိုပေါင်၂၂သန်းနဲ့ဝယ်ယူခဲ့ပြီအာဆင်နယ်အတွက်ဆိုရင်တော့တန်ဖိုးကြီးနောက်ခံလူတစ်ဦးဖြစ်ပြီးဘာကြောင့် အသုံးမပြုမှန်းမသိရတဲ့အနေထားကနေအခုတော့ လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်းစီကိုအငှားသွားရတော့မှာပါ။ပြင်သစ်လိဂ်ကစားသမားအများစုဟာအင်္ဂလန်မှာခြေစွမ်းပြသနိုင်တာများပြီးပြင်သစ်လိဂ်ရဲ့အထူးချွန်ဆုံးလူငယ်ကစားသမားကတော့ အာဆင်နယ်မှာ တိုင်ပါတ်နေရပါပြီ။

ဆာလီဘာရဲ့ခြေစွမ်းအမှန်ကို အငှားထွက်ကစားဖြစ်ရင်အာဆင်နယ်ပရိတ်သတ်တွေကော ဘောလုံးအကဲဖြတ်တွေကောမြင်တွေ့ရတောမှာဖြစ်ပြီး။မှားယွင်းတဲ့ဝယ်ယူမှုဖြစ်ခဲ့တာလားအာတီတာရဲ့ဆုံးဖြတ်ချက်မှားယွင်းတာလားသိရတော့မှာပါ။အာတီတာဟာ ပြင်သစ်လူငယ်ကစားသမားတွေနဲ့ပြေလည်တဲ့ဆက်ဆံရေးမရှိတာကတော့ထင်ရှားပြီးဂွမ်ဒူဇီကိုလည်းအကြောင်းပြချက်အနည်းငယ်နဲ့အသင်းကနေအငှားထွက်ခွါစေခဲ့သူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.