ဆန်ချိုက ယူနိက်တက်အတွက် ဘာကြောင့်မလိုလဲဆိုတဲ့ အဖြေကိုပြောလာတဲ့ ရွိင်ကိန်း

မန်ချက်စတာယူနိက်တက်ဟာ အသင်းရှိကစားသမားတွေအနေနဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေ ပေါ့ဘာရဲ့ ပြောင်းရွေ့သတင်းတွေနဲ့ အတူ ဆန်ချိုကို လိုအပ်တယ်ဆိုတဲ့ မန်ချက်စတာ ပရိတ်သတ်တွေရှိလာပြန်ပါတယ်…

ဆန်ချို သတင်းတွေဟာ အရင်ကတည်းက တောက်လျောက် မန်ယူအသင်းဘက်ညှိနှိုင်းမှုတွေ သာရှိခဲ့ပြီး အပြောင်းအရွေ့ ပိတ်သိမ်းပြီးချိန် အထိ ထူးခြားမှု မရှိခဲ့တဲ့အတွက် ပရိတ်သတ်တွေဟာ ဇန်နဝါရီအပြောင်းအရွေ့ကို တခါပြန်လည်ခေါ်ယူဖို့ပြောလာကြပြန်ပါတယ်…

အဲ့ဒီခေါ်ယူမှုက အလုပ်မဖြစ်ဘူးဆိုတဲ့အကြောင်းကို ရွိင်ကိန်းက ပြန်လည်ရှင်းပြခဲ့ပါတယ်….

ရွိင်ကိန်းက ” ကျနော်တို့ မန်ယူက ဆန်ချို ကိုမလိုအပ်တော့ပါဘူး ကာဗာနီ ရှိနေပြီဘဲ …..ဘာဖြစ်လို့လဲ ဆန်ချို ခြေစွမ်းက ပုံမှန် ရလဒ်ထွက်နေတယ်လို့မမြင်ရဘူး ထွက်နေတယ်ဆိုလည်း ကာဗာနီရှိနေတော့ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးရှိပြီးသားပါ……

မန်ယူမှာ တကယ်လိုအပ်နေတာက ဆန်ချိုမဟုတ်ဘူး နည်းပြကြီး ဖာဂူဆန်ရဲ့ အအောင်မြင်ဆုံး 4-4-2 ကိုပုံဖော်ဖို့ တောင်ပံတိုက်စစ်မှာ မွှေနောက်မယ့် ကစားသမားတယောက်လိုနေတာ….အဲ့ဒီနေရာနဲ့အကိုက်ဆုံးက PSG က ဘာပေပါဘဲ……

နောက်တန်းကို တချိန်လုံး ချိန်းခြောက်ပြီး မွှေနောက်မယ့် ဘာပေလို့လူမျိုးရှိနေပြီဆိုရင် ကွင်းလယ်နဲ့ တောင်ပံတဖက်တိုက်စစ်မှူးတွေရဲ့ တွဲလုံးတွေနဲ့ သွင်းဂိုးတွေကို ခင်ဗျားတို့ ပြန်လည်မြင်တွေ့ရပါမယ် ” ဆိုပြီး ပြောသွားခဲ့ပါတယ်…

Htet Mg

Leave a Comment

Your email address will not be published.