ဆွန်ဟောင်မင်လို အာရှအားကစားသမားတွေကို ခေါ်ယူဖို့ဟာ ဝုဒ်ဝက်ရဲ့အိမ်မက်သစ်လို့ ဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်မှာ ဘယ်သူမှမသိနိုင်တဲ့ အိမ်မက်သစ်တစ်ခုရှိနေတယ်လို့ Manchester United Eveningသတင်းဌာနကဆိုပါတယ်။ ယူနိက်တက်ဟာလက်ရှိအခြေအနေတွေကြောင့်အသင်းပရိတ်သတ်တွေနဲ့ အသင်းတွင်းမှာ ပဋိပက္ခတွေ ရှုပ်ထွေးစရာတွေဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာပရိတ်သတ်တွေက ပြီးခဲ့တဲ့ လတွေအတွင်း ကစားသမား ခေါ်ယူမှုတွေလွဲမှားနေတယ်ဆိုပြီး ဝုဒ်ဝက်ကို ပြစ်တင်ဝေဖန်နေခဲ့ကြပါတယ်။

ဒီလိုအပြစ်တင်ဝေဖန်နေတာ ဝုဒ်ဝက်ရဲ့လုပ်ငန်းစဉ်တွေကိုနားမလည်တာဖြစ်ပြီး ဝုဒ်ဝက်မှာ အိမ်မက်သစ်တွေရှိတဲ့အကြောင်း သိရပါတယ်။ယူနိုက်တက်ဟာ ဝုဒ်ဝက်ရဲ့လက်အောက်မှာမှာ ခိုင်မာကြီးထွားလာခဲ့ပေမယ့် ကစားသမားတွေလက်မှတ်ထိုးခေါ်ယူမှုပိုင်းနဲ့ အပြောင်းအရွှေ့ပိုင်းတွေမှာသူဟာပြစ်တင်ဝေဖန်ခံနေရတာပါ။

ဒါပေမယ့် ပရိတ်သတ်တွေမသိတဲ့ တစ်ဖက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ယူနိုက်တက်ဟာ စီးပွားရေးကျဆင်းနေတယ်လို့ဆိုပါတယ်။ ဒီအတွက်ကြောင့် လူသစ်ခေါ်ယူရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် မကြာခင်လာမယ့်နှစ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အဆင့်အတန်းကို ပြိုင်ဘက်အသင်းတွေထိတ်လန့်တုန်လှုပ်လောက်အောင်လို့ ဝုဒ်ဝက်ရဲ့ လူသစ်ခေါ်ရေးစီမံချက်က သက်သေပြလိမ့်မယ်လို့ သတင်းတွေကဆိုပါတယ်။

မန်ချက်စတာရဲ့ ဘဏာရေးအခြအနေကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကြန့်ကြာမှုတွေရှိခဲ့တယ်ဆိုပေမယ့် စေ◌ျးကွက် ရှာဖွေရေး ရှုထောင့်ကကြည့်ရင် ဝုဒ်ဝက်က အိုးထရက်ဖို့မှာအောင်မြင်မှုတစ်ခုရခဲ့တဲ့သူလို့ ညနေခင်းသတင်းကဖော်ပြထားပါတယ်

လက်ရှိမန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေအရ ဆိုလ်းရှားနဲ့ ဝုဒ်ဝက်တို့ဟာ ပရိတ်သတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရပေမယ့် သဘောတူညီမှုအသစ်တွေကြောင့်မကြာခင်မှာ မန်ချက်စတာရဲ့ သမိုင်းထဲကအဆင့်အတန်းကိုပြန်မြင်တွေ့ရတော့မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

နွရာသီအပြောင်းအရွှေ့လက်မှတ်ရေးထိုးမှုအသစ် ၅ခုက ဝုဒ်ဝက်ရဲ့ ကြိုတင်စီမံချက်တစ်ခုဖြစ်သလိုချီးကျူးစရာကောင်းနေတဲ့ ခေါ်ယူမှုတွေဖြစ်နေတာကိုတော့သံသယဖြစ်ဖို့မလိုပါဘူး။

အခုဆိုရင် ကာဗာနီ ပယ်လီစထရီ နဲ့အဲလက်တဲတို့ကြောင့်တောင်အမေရိရဲ့ စိတ်ဝင်စားမှုမြင့်တက်လာဖို့ဆိုတာသေချာနေသလို ယူနိုက်တက်ရဲ့လက်ရှိအခြေအနေဆိုးတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ ယူနိုက်တက်ကယုံကြည်ထားကပါတယ်။

အခုလို ကောင်းမွန်တဲ့လူသစ်တွေခေါ်ယူနိုင်ခဲ့ပေမယ့် ယူနိက်တက်ရဲ့စီးပွားရေးချိန်ခွင်လျာကို ထိန်းညှိဖို့အတွက် ဝုဒ်ဝက်မှာအိမ်မက်တစ်ခုရှိနေပါတယ်။ ဝုဒ်ဝက်ဟာ နောင်လာမယ့် လူသစ်ခေါ်ယူရေးမှာ အာရှစေ◌ျးကွက်တိုးတက်မှုကို ရည်ရွယ်ထားပြီး အာရှသားတွေထဲက ဆွန်ဟောင်မင်လိုကြယ်ပွင့် ကစားသမားတစ်ဦးကို ခေါ်ယူချင်နေတယ်လို့ဆိုပါတယ်။

ဒါဟာ ဝုဒ်ဝက်အိမ်မက်ဖြစ်သလို ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေရဲ့ အနာဂါတ်စီမံချက်ဆိုလည်းမမှားပါဘူး။ ပြီးခဲ့တဲ့ ၇နှစ်တာကာလအတွင်းမန်ချက်စတာရဲ့လူကြိုက်များမှုဟာ ကစားသမားဟောင်းပက်ကျိဆန်ကြောင့်ဖြစ်သလိုအနာဂါတ်မှာ အာရှသားထဲက ဆွန်ဟောင်မင်လို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူသွားဖို့ဟာ မန်ချက်စတာရဲ့ အိမ်မက်အသစ်ပဲဖြစ်ပါတယ်။ အခုလည်းဆွန်ဟောင်မင်ကိုခေါ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။

ပြီးခဲ့တဲ့ ၅နှစ်အတွင်း တောင်ကိုရီးယားရဲ့ထောက်ခံမှုအကောင်းဆုံးအသင်းဟာ ၂၁ရာခိုင်နှုန်းကျော်ရှိတဲ့စပါးဖြစပြီး ဒုတိယအများဆုံးဟာ ၆ရာခိုင်နှုန်းကျော်နဲ့ မန်ယူပဲဖြစ်ပါတယ်။ ဒီတော့ ယူနိုက်တက်ရဲ့ အိမ်မက်သစ်နဲ့ အနာဂါတ်စီမံချက်ဟာ တရုတ်စေ◌ျးကွက်နဲ့ အာရှကိုရည်ရွယ်ထားပြီး မကြာခင်မှာ ဆွန်ဟောင်မင်လို ကစားသမားတွေခေါ်ယူလက်မှတ်ရေးထိုးဖို့ရှိနေတယ်လို့ဆိုနိုင်ပါတယ်။

John Htet

Leave a Comment

Your email address will not be published.