နည်းပြဘဝတစ်လျှောက် ရင်ဆိုင်အနိုင်ယူဖို့မဖြစ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောအသင်းကို ဖာဂူဆန်ထုတ်ပြော

ဘာလုံးသမိုင်းတစ်လျှောက်မှာအခမ်းနားနည်းပြအဖြစ်သက်မှတ်ခံထားရတဲ့ ယူနိုက်တက်ရဲ့ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ကတော့ သူ့ရဲ့နည်းပြဘဝသက်တမ်းတစ်လျှောက်မှာ ရင်ဆိုင်အနိုင်ယူဖို့မဖြစ်နိုင်ခဲ့တဲ့ တစ်ခုထဲသောအသင်းရဲ့နာမည်ကိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ကျွန်တော့်ကို အကြီးမားဆုံးအထင်ကြီးမှုတွေဖြစ်စေခဲ့တဲ့ တစ်ခုထဲသောအသင်းကတော့ကျွန်တော့်ရဲ့ ယူနိုက်တက်နဲ့ (၂၀၁၁)ခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်၊ ဝင်ဘလေမှာတွေ့ဆုံခဲ့တဲ့ ဘာစီလိုနာအသင်းပဲဖြစ်ပါတယ်၊ သူတို့နဲ့ ကစားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ပါဘူး ” လို့ပြောကြားသွားခဲ့ပါတယ်။ (၂၀၁၁)ခုနှစ်တွေတုန်းက ဘာစီလိုနာဟာဇာဗီဈ အင်နီယေစတာ၊ မက်ဆီတို့နဲ့ အတူ တော်တော်လေးကို အင်အားကောင်းတဲ့ အသင်းတစ်သင်းဖြစ်ခဲ့တာပါ။

အဆိုပါ(၂၀၁၁)ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာတုန်းကလည်း ယူနိုက်တက်တို့ဟာ ဘာစီလိုနာကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသားရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ ဇာဗီ၊အင်နီယေစတာနဲ့ မက်ဆီတို့ကဘာစီလိုနာတိုက်စစ်ရဲ့ အဓိကအသက်သွေးကြောဖြစ်ခဲ့ပြီး၊ ပြိုင်ဘက်ခံစစ်မှူးတိုင်းအတွက်အိပ်မက်ဆိုးတွေမက်စေနိုင်တဲ့ တိုက်စစ်ကစားသမားတွေဖြစ်ခဲ့တာပါ။

အဲ့ဒီပွဲမှာတုန်းက ရခဲ့တဲ့အရှုံးကြောင့် အခမ်းနားဆုံးနည်းပြကြီးဖာဂူဆန်ဟာ ကစားသမားတွေကို ဒေါသထွက်ခဲ့ပြီး ဂန္တဝင်ကစားသမားကြီး ရွှန်းနီကို ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ပွဲစဉ်အတွင်းဘာစီလိုနာကိုကိုရင်ဆိုင်ကစားဖို့ မဖြစ်နိုင်ခဲ့တဲ့ အခြေအေနေတွေကိုဖာဂူဆန်က အခုလိုပဲထပ်မံရှင်းပြပြောဆိုသွားခဲ့ပါတယ်။ ဖာဂူဆန်က ” အခြားနည်းလမ်းတစ်ခုနဲ့ခင်ဗျားထင်နေသလို၊ ဘာစီကိုရင်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး၊ အဲ့ဒီအချိန်တုန်းက သူတို့အတွက်တော့ ခမ်းနားတဲ့ အခိုက်အတန့်တွေဖြစ်ခဲ့ပါတယ်၊သူတို့ရဲ့ဘောလုံးကစားတဲ့ ပုံကိနှစ်သက်စရာကောင်းခဲ့ပါတယ်၊

မှန်ကန်တဲ့နည်းလမ်းနဲ့ ကစားခဲ့တာဖြစ်တဲ့ အတွက်ကြောင့် သူတို့က ချန်ပီယံဖြစ်ဖို့ထိုက်တန်ခဲ့ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီကိုရပ်တန့်ဖို့နဲ့ ပတ်သက်ပြီးတော့လည်း ” အဲ့ဒီတုန်းက ဖာဒီနန်နဲ့ ဗီဒစ်တို့ကလည်း သူတို့ရဲ့ အကောင်းဆုံးအချိန်တွေကိုကျော်လွန်ခဲ့တဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုကိုရောက်ရှိနေခဲ့ပြီလေ” လို့ပြောကြားသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.