ဘရူနိုဖာနန်ဒက်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြလာတဲ့ အဲလက်စ်တဲ

ှုတွေ အားမရမှုတွေနဲ့ ပရိတ်သတ်တွေရဲ့သက်ပြင်းချသံတွေနဲ့ ဒီရာသီမှာ ရုန်းကန်နေရပေမယ့် အသင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပိုရှိလာနေပြီဖြစ်ပါတယ်။ ကာဗာနီနဲ့အတူ ယူနိုက်တက်ကိုရောက်လာတဲ့အဲလက်တဲကတော့ ဖာနန်ဒက်ဟာ ရုန်းကန်နေရချိန်မှာတောင် ဘယ်လိုလူးစားမျိုးလဲဆိုတာ ခုလိုဂုဏ်ယူစွာထုတ်ပြောပြလာပါတယ်။

“ကျွန်တော်နဲ့Brunoက အခုချိန်မှာတစ်ယောက်အကြောင်းတစ်ယောက်သိနားလည်လာကြပါပြီ။Brunoက သူကစားရတဲ့နေရာနဲ့ပတ်သက်ပြီး အမြဲတမ်းနားလည်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက် သံသယမရှိအဓိကကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ ကွင်းထဲမှာပြိုင်ဘက်အဖြစ်တွေ့ဆုံခဲ့ဖူးပေမယ့် ဒီအချိန်မှာတော့ တူညီတဲ့အသင်းတစ်သင်းထဲမှာ အသင်းဖော်အဖြစ်အတူတူကစားနေကြပါပြီ။

သူက အရည်အချင်းကောင်းတွေအများကြီးရှိပြီး ထူးခြားတဲ့နှလုံးသားတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါပဲ ဒါကို လူတိုင်းကလည်းမြင်တွေ့နေရပြီဖြစ်ပြီး သူ့ရဲ့အရည်အချင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ထပ်ပြီးပြောပြနေစရာမလိုတော့ပါဘူး။သူနဲ့အတူကစားခွင့်ရတာက စိတ်ကျေနပ်စရာကောင်းလှပါတယ်။

သူကလူတော်လူကောင်းတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလူတိုင်းကို ကူညီချင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် ပြီးတော့ မတူညီအောင်လုပ်ပြနိုင်ပြီး ဒါကကောင်းတဲ့အချက်ပါပဲ။

ကျွန်တော့်ရဲ့နွေရာသီကာလကရိုးရှင်းပါတယ်။သူကတိကျပြတ်သားတဲ့သူတစ်ယောက်ဖြစ်ပြီး ပွဲတိုင်းကိုတော့ မကစားနိုင်ပေမယ့် သူကတိကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဂိုးရှေ့မှာ ဒါမှမဟုတ် Freekick,Penaltyရှေ့တွေမှာ သူရှိနေပြီဆိုရင် သူ့ရဲ့အရည်အချင်းတွေကိုအမြဲတမ်းပြသနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့စိတ်က ခိုင်မာတယ် ပြီးတော့ စဉ်းစားတွေးခေါ်နိုင်မှုကောင်းပြီး အမြင်အာရုံစူးရှမှုတွေကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲ။သူ့ကိုအသင်းမှာပိုင်ဆိုင်ထားရတဲ့အတွက် ဂုဏ်ယူစရာအချက်ဖြစ်နေပြီး ပွဲတိုင်းမှာလည်း ကျွန်တော်တို့ကိုစိတ်ဓာတ်ခွန်အားတိုးတက်လာအောင် ကူညီပေးနိူင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။””လို့ အဲ့လက်စ်တဲကဖာနန်ဒက်အကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

John Htet

Leave a Comment

Your email address will not be published.