ရိုင်ယန်ဂစ်နဲ့တူပါတယ်ဆိုတဲ့ မန်ယူကွင်းလယ်အသက်သွေးကြောကစားသမားကို ပြောလာတဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိက်တက် ဟာ ယူရိုပါလိဂ် ရီးရဲဆိုစီဒစ်နဲ့ ရှုံးထွက်ပွဲစဉ်ကို ကစားရတော့မှာဖြစ်တဲ့ အတွက် မန်ယူပရိတ်သတ်တွေရဲ့ ချန်ပီယံလိဂ်အမျက်ဒေါသကို ပြေစေဖို့ အာရုံအပြည့်စိုက်ဖို့လိုနေပါပြီ …..

အာရုံစိုက်ရတော့ပါမယ်ဆိုမှ အသင်းတွင်း ဗိုင်းရပ်တကောင်နဲ့ အေးဂျင့်တကောင်ကြောင့် ကွင်းလယ်မှာ ကြီးမားတဲ့ အပြောင်းအလဲတချို့ဖြစ်လာတော့မယ်အနေအထားကိုရောက်နေပြီဆိုတာသိရပါတယ်….

ပေါစခိုးလ်ကတော့ မန်ယူအသင်းအနေဖြင့် ကွင်းလယ်အတွက် စိတ်ပူစရာမလိုကြောင်း သူ့ရဲသူငယ်ချင်းဟောင်းကြီး ရိုင်ယန်ဂစ်နဲ့ပိုတူတဲ့ သူတယောက်ကို မန်ယူ ပိုင်ဆိုင်ထားပြီးဖြစ်လို့ပါဘဲ….အဲ့ဒီလူကတော့ ဗန်ဒါဘတ်ပါဘဲ…

ပေါစခိုးလ်က ” ကျနော်တို့ပေါ့ဘာ ထွက်သွားလည်း စိတ်ပူစရာမလိုပါဘူး…..ဆိုးရှားလ်အနေနဲ့ ဒီအချိန်ကို သူကြိုးတွေးထားပြီးဖြစ်မှာပါ….ကစားသမားတယောက်ဟာ ပေးဆပ်မှုမရှိတော့ဘူးဆိုရင် အသင်းအတွက် ဆိုးကျိုးဖြစ်လာဖို့ဘဲရှိပါတယ်…ထပ်ပြီးပြောမနေတော့ပါဘူး

ကျနော်တို့မှာ အဲ့ဒီနေရာအတွက် ရိုင်ယန်ဂစ်လို ဘောလုံးဖြန့်ဝေမှုကောင်း ပြီး ကွင်းလယ်တခုကို ထိမ်းချုပ်ခါ တိုက်စစ်အတွက် မောင်းနှင်ပေးမယ့် ကစားသမား ရှိနှင့်နေပြီးသားပါ….အဲ့ဒီလူက ဗန်ဒါဘတ်ပါဘဲ…ကျနော်တို့ သူ့ကို အချိန်လေးပေးဖို့လိုတာပါ….

ဒီကစားသမားဟာအသားကျလာတာနဲ့ မန်ယူကွင်းလယ်တခုလုံးကို သူ့ကိုယ်တိုင် မောင်းနှင်ပြီး တိုက်စစ်ထိပါ လိုက်ပါကစားနိုင်မယ့်သူမျိုးပါ…အသင်းကို ရောက်လာတည်းက ကျနော် သူ့အတွက် ရိုင်ယန်ဂစ်နေရာကို စိတ်ထဲကနေ ပေးပြီးသားပါ….ဗန်ဒါဘတ် အကောင်းဆုံးကြိုးစားနေဖို့ဘဲလိုတာပါဟု ပေါက ပြောသွားခဲ့ပါတယ်….

Htet Mg

Leave a Comment

Your email address will not be published.