အာကျင်တီနားကစားသမားတွေနဲ့အကျိုးမပေးတဲ့မန်ယူရိုဟိုကိုလည်းခေါ်မည့်အသင်းမရှိဖြစ်နေ

မန်ယူအသင်းဟာ အာကျင်တီးနားကစားသမားတွေနဲ့ အကျိုးပေးခြင်းသိပ်မရှိလှဘဲနည်းပြကြီးဖာဂူဆန်လက်ထက်တုန်းကဆိုရင် ဗာရွန်ချဲယ်ဆီးအသင်းကို အသင်းကတားမြစ်နေတဲ့ကြားက ထွက်ခွါချိန်မှာ နောင်ကိုမန်ယူအသင်းအနေနဲ့အာကျင်တီးနားကစားသမားတွေကို အသင်းမှာခေါ်ယူဖို့ အတော်စဉ်းစားရတော့မယ်လို့သုံးသပ်ဘူးပါတယ်။

အလားတူဘဲ နည်းပြဗန်ဟားလက်ထက်မှာလည်း ရီးရဲယ်အသင်းကအာကျင်တီးနားကြယ်ပွင့်ဒီမာရီယာကို အသင်းဂန္ဓဝင်ကျောနံပါတ် ၇ ကိုပေးပြီးခေါ်ယူခဲ့ရမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိသလို ပရိတ်သတ်တွေနဲ့ပါအဆင်မပြေဖြစ်ကာတစ်ရာသီသာကစားခဲ့ပြီးPSGအသင်းကိုပြောင်းရွှေ့သွားခဲ့သလို ခုချိန်ထိလည်းမန်ယူအသင်းနဲ့ပြန်တွေ့တဲ့ပွဲစဉ်တွေမှာဒီမာရီယာဟာအသင်းဟောင်းကိုလှောင်ပြောင်တဲ့အပြုအမူတွေပြုလုပ်နေဆဲပါ။

မန်ယူအသင်းမှာခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားကတော့ ဘယ်နောက်ခံလူနဲ့ဗဟိုနောက်ခံလူအဖြစ်ကစားခဲ့တဲ့ ဟိန်ဇီဖြစ်ပြီးသူကတော့မန်ယူပရိတ်သတ်တွေအကြိုက်ရေကုန်ရေခမ်းကစားတတ်သူဖြစ်ပါတယ်။၎င်းကစားသမားတွေအပြင်မန်ယူအသင်းမှာ လတ်တလောကစားနေတဲ့အာကျင်တီးနားကစားသမားနှစ်ဦးရှိနေပြီးနှစ်ဦးလုံးအသင်းနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေပါတယ်။

ထိုကစားသမားနှစ်ကတော့ နောက်ခံကစားသမားရိုဟိုနဲ့ဂိုးသမား ရိုမဲရိုးတို့ဖြစ်ကြပြီးရိုမဲရိုးကတော့ လမယ့်ဇန်နဝါရီမှာထွက်ခွါဖို့သေချာနေပြီးမန်ယူအသင်းကပြောင်းရွှေ့ကြေးတောင်းခံနေတာကြောင့် အဆင်မပြေဖြစ်နေတာဖြစ်ပြီးရိုဟိုကိုတော့ ခေါ်ယူမယ့်အသင်းမရှိဖြစ်နေကြောင်းသိရပါတယ်။

ရိုဟိုအနေနဲ့ပွဲထွက်ကစားခွင့်ရနိုင်မယ့်အသင်းကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း ကံတရားကိုကမျက်နှာသာမပေးတဲ့အနေထားမျိုးဖြစ်နေကာဆိုးရှားအနေဖြင့်ရိုဟိုကိုလစာစိုက်ထုတ်ပေးပြီးမိခင်အာကျင်တီးနားကလပ်ကို အငှားဖြင့်ပြန်ပို့ပေးချိန်မှာတောင် ဗိုင်းရပ်ပြသနာတွေကြောင့် လိဂ်ပွဲတွေရပ်နားလိုက်ရကာ ရိုဟိုမှာပွဲစဉ်တစ်ပွဲသာကစားခဲ့ရပါတယ်။

ထိုသို့ဘောလုံးပွဲတွေနဲ့ဝေးကွာနေတဲ့အသက်၃၀အရွယ်နောက်ခံလူကိုမန်ယူအသင်းက ရောင်းချချင်နေသော်လည်းကမ်းလှမ်းသည့်အသင်းအငှားခေါ်ယူမည့်အသင်းမရှိဖြစ်နေတာကြောင့် မန်ယူဘုတ်အဖွဲ့အတွင်းမှာ နောက်ဆုံးအခြေနေအဖြစ်စာချုပ်ဖျက်သိမ်းဖို့ဆွေးနွေးနေကြောင်းသိရပြီးလစာစရိတ်ကိုလျှော့ချဖို့စီစဉ်လာတာပါ။

မန်ယူအသင်းကို၂၀၁၄ထဲကရောက်ရှိနေတဲ့ရိုဟိုဟာ ရောက်ကစနှစ်တွေမှာ ခြေစွမ်းပြကစားနိုင်ပြီးပရီတ်သတ်အကြိုက်ဖြစ်ခဲ့သော်လည်းနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြသနာတွေကြောင့် အသင်းလူစာရင်းကနေဝေးကွာလာရတာပါ။ရိုဟိုဟာမန်ယူအသင်းမှာ ခြောက်ရာသီကြာမြင့်နေတာတောင်၁၂၂ပွဲသာကစားခွင့်ရရှိထားပြီး အသင်းလူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တာအချိန်အတော်ကြာနေပြီလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.