အာတီတာကိုကယ်တင်ဖို့ပေါ်တိုကြယ်ပွင့်ဖေဘီယိုဗီရဲယားကိုအီဒူးချိတ်ဆက်

စိတ်ပျက်စရာတိုက်စစ်စွမ်းရည်တွေနဲ့ကွင်းလယ်ဖန်တီးမှုတွေကို မြှင့်တင်နိုင်ဖို့အာဆင်နယ်ဒါရိုက်တာအဖွဲ့တွေအစွမ်းကုန်လှုပ်ရှားနေကြပြီး။ထုံးစံအတိုင်း ဈေးနှုန်းသက်သက်သာသာနဲ့ကစားသမားကောင်းလေးတွေကိုချိုချိုချောင်ချောင်ရှာဖွေနေပါပြီ။


ကွင်းလယ်နေရာစုံကစားနိုင်တဲ့ပေါ်တူဂီကြယ်ပွင့် ဖေဘီယိုဟာ ဘယ်ညာတောင်ပံနှစ်ဘက်လုံးကစားနိုင်တဲ့အပြင်အာဆင်နယ်အသင်းရဲ့အဓိကအားနည်းချက်ဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ်နဲ့ကစားကွက်ဖေါ်ဆောင်တဲ့နေရာမှာထူးချွန်သူပါ။

ဒါပေမယ့်ပေါ်တိုအသင်းနဲ့တောင်ယခုဘောလုံးရာသီမှပွဲထွက်ခွင့်ရတဲ့ကစားသမားလေးကို အာဆင်နယ်လိုအသင်းရဲ့ကွင်းလယ်ကိုထိမ်းကြောင်းခိုင်းမယ်ဆိုရင် ဘူးသီနုနု အမွေးသတ်သလိုဖြစ်လာနိုင်ပါတယ်။

ဖေဘီယိုဟာပေါ်တိုအသင်းမှာပွဲ၂၀ပွဲထွက်ကစားထားပြီးဂိုး၂သွင်းယူကာ တစ်ဂိုးဖန်တီးပေးထားပါတယ်။ပေါ်တ်ုအသင်းနဲ့ချန်ပီယံလိဂ်လေးပွဲကစားထားပြီးကစားချိန်၁၄၅မိနစ်မှာ သွင်းဂိုးတစ်ဂိုးရယူထားတဲ့ခြေစွမ်းခြေစမသေးလှတဲ့ကစားသမားဘဲဖြစ်ပါတယ်။

ပေါ်တူဂီယူ၂၁အသင်းနဲ့၇ပွဲကစားထားပြီး၅ဂိုးသွင်းယူထားပါတယ်။ဖေဘီယိုကိုဝယ်ယူနိုင်ခဲ့ရင်တော့ ချာကာရဲ့ဟိုယောင်ယောင်ဒီယောင်ယေယာင်ကစားပုံပျောက်ဆုံးသွားပြီးကွင်းလယ်တိုက်စစ်ကစားသမားစစ်စစ်တစ်ဦးကိုအာဆင်နယ်မှာမြင်တွေ့ရမှာပါ။

အာဆင်နယ်အသင်းဟဖေဘီယိုကိုပြောင်းရွှေ့ကြေးပေါင်၂၇သန်းဖြင့်ကမ်းလှမ်းထားပြီးပေါ်တိုအသင်းကလည်းထိုကမ်းလှမ်းချက်ကိုစိတ်ဝင်စားကြောင်းသိရပါတယ်။

jhon htet

Leave a Comment

Your email address will not be published.