အာမက်ဒီယာလိုအဝင် ဒန်နီရယ်ဂျိမ်းအထွက်ဖြစ်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့

မန်ယူအသင်းဟာ အခုရာသီဇန်နဝါရီအပြောင်းအရွှေ့မှာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အီတလီစီးရီးအေကလပ်အသင်း အတ္တလန်တာအသင်းကနေဝယ်ယူထားပြီး အလုပ်လုပ်ခွင့်ပါမစ်မရရှိလို့ အသင်းကိုပြောင်းရွှေ့ခွင့်မရသေးတဲ့အိုင်ဗရီကိုစ်တောင်ပံကစားသမားအာမက်ဒီယာလို အသင်းကိုခေါ်ယူခွင့်ရမယ်ဆိုရင်အသင်းမှဝေလ်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းကို အသင်းကနေအငှားထွက်ကစားခွင့်ပေးမှာပါ။

ဒန်နီရယ်ဂျိမ်ကိုလိဒ်ယူနိုက်တတ်အသင်းကခေါ်ယူဖို့ရှိနေပြီးအငှားသို့မဟုတ်အပြီးသတ်ခေါ်ယူခွင့်နဲ့ခေါ်ယူချင်နေတာပါ။လိဒ်အသင်းဟာ ဂျိမ်းကိုအခုမှခေါ်ယူချင်နေတာမဟုတ်ပါဘူး မန်ယူအသင်းမခေါ်ယူခင်အချိန်ထဲ့ဂျိမ်းကိူဆွမ်ဆီးအသင်းကနေခေါ်ယူချင်ခဲ့တာဖြစ်ပြီးထိုအချိန်ကဝေလ်းအသင်းရဲ့ လက်ထောက်နည်းပြ မန်ယူကစားသမားဟောင်း ဂစ်ကြောင့်သာမန်ယူအသင်းကလက်ဦးမှုရခဲ့တာပါ။

ဂျိမ်းဟာကျိုးစားပြီးရေကုန်ရေခမ်းကစားတတ်တာကြောင့် မန်ယူအသင်းပရိတ်သတ်တွေရဲ့အချစ်တော်ဖြစ်ပေမယ့် ကစားပုံစံထပ်နေတာကြောင့်တဖက်နောက်တန်းလူတွေကိုအန္တရာယ်ပေးနိုင်ခြင်းနည်းပြီးဖြတ်တင်ဘောတွေပြုလုပ်ရာမှာလည်းမန်ယူအသင်းမှာအဆုံးသတ်သေချာတဲ့တိုက်စစ်မှူးတွေမရှိတာကြောင့် အသင်းကစားပုံနဲ့အံမဝင်ဖြစ်နေတာပါ။

ဂျိမ်းဟာယခုနှစ်ဘောလုံးရာသီမန်ယူမှာ ၆ပွဲသာကစားခွင့်ရထားပေမယ့် မန်ယူအသင်းကနေထွက်ခွါလိုခြင်းမရှိပါဘူးမန်ယူမှာဘဲနေရာတစ်နေရာအတွက်တိုက်ပွဲဝင်လိုသူပါ။ဒါပေမယ့် လစာလျှော့ချခြင်နေတဲ့အသင်းဘုတ်အဖွဲ့ကဒီယာလိုရောက်ရှိလာရင်ဂျိမ်းကိုအငှားနဲ့တခြားအသင်းကိုစေလွှတ်လိုနေပါတယ်။

ဂျိမ်းကတော့မန်ယူကနေအငှားထွက်ကစားခိုင်းရင်လည်းသဘောတူသွားဖြစ်ပြီး လိဒ်အသင်းနည်းပြဘီယဲဆာကတော့ဂျိမ်းကို အငှားကစားခွင့်သာရပြီဆိုရင်သူ့အသင်းမှာ ပျော်အောင်ထားပြီးအပြီးသတ်ပြောင်းရွှေ့ခွင့်ရအောင်စည်းရုံးသွားမယ်လို့ဆိုပါတယ်။

Leave a Comment

Your email address will not be published.