ကာဗာနီရဲ့ဒဏ်ရာနောက်ဆုံးသတင်းကို ပြောပြသွားတဲ့ဆိုးရှား

မန်ယူအသင်းနည်းပြဆိုးရှားဟာ ယနေ့ညမှာယှဉ်ပြိုင်မယ့် ရှဖီးယူနိုက်တတ်အသင်းနဲ့အဝေးကွင်းပွဲစဉ်မတိုင်မီသတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာကြောင့် အနားယ.ူနေရတဲ့ ဥရုကွေးတိုက်စစ်မှူးဒဏ်ရာအခြေအနေကိုပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပါတယ်။

ဆိုးရှားက ကာဗာနီဒဏ်ရာကပြန်လာခဲ့ပါပြီ။သူအသင်းနဲ့ပြန်လည်ပူးပေါင်းနေပါပြီဒါပေမယ့်ရှဖီးအသင်းနဲ့ပွဲစဉ်မှာသူပါဝင်နိုင်မလာဆိုတာတော့ မလွယ်သေးပါဘူး။သူ့ကိုမသေချာဘဲနဲ့ကစားခိုင်းရင်စွန့်စားလွန်းရာကျပါမယ်။

ကစားသမားအတွက်အန္တရာယ်ရှိနိုင်ပါတယ်။သူ့ကိုအမြန်ပြန်ကစားခိုင်းဖို့မရှိပါဘူး။ပရီးမီးယားလိဂ်ပွဲစဉ်တွေကကပ်လွန်းနေပြီးလာမယ့်တနင်္ဂနွေမှာ ကစားရမယ့်အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်ထိအနားရမယ့်အချိန်က၄၈နာရီမပြည့်ပါဘူး။

ကစားသမားတွေစွမ်းအင်ပြန်ပြည့်လာဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ကျွန်တော်လူအပြောင်းအလဲတွေလုပ်ရပါမယ်။တချို့ကစားသမားတွေ အနားယူနေပြီး။တချို့ကစားသမားတွေပွဲထွက်လာပါလိမ့်မယ့်။နှစ်ကူးချိန်ထိကျွန်တော်တို့ခြောက်ပွဲဆက်ကစားရပါမယ်။

ကစားသမားတွေကို သေချာစီမံမှဖြစ်မယ့်အနေထားပါ။အားလုံးအရမ်းပင်ပန်းပါလိမ့်မယ်။အနားယူချိန်မရှိပွဲတွေကစားရဖို့ရှိနေပါတယ်။ကာဗာနီး၃၃နှစ်ပါ။လူငယ်တစ်ယောက်မဟုတ်တော့ပါဘူး။

ဒါ့အပြင်သူ့မှာရာသီကြိုပြင်ဆင်ခဲ့ရတာလည်းမရှိပါဘူး။ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ပထမဆုံးအတွေ့အကြုံပါ၊ကာဗာနီမပါလည်းရှဇီးအသင်းကိုရင်ဆိုင်ဖို့ကျွန်တော်မှာကစားသမားအလုံအလောက်ရှိပါတယ်။

ကာဗာနီ၁၀၀ရာခိုင်နှုန်းကြံ့ခိုင်လာတာကိုလိုချင်ပါတယ်။ပရီးမီးယားလိဂ်ဟာ ခက်ခဲတဲ့ရုပ်ပိုင်းဆိုင်ရာဂိမ်းတခုလည်းဖြစ်တာအားလုံးလည်းအသိပါ။သူ့ကိုအမြန်ပြန်သုံးဖို့အစီအစဉ်မရှိပါဘူးဟုပြောသွားခဲ့ပါတယ်။

ဆိုးရှားရဲ့စကားတွေအရကာဗာနီဟာ ရှဖီးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လာဖို့ရှိမနေဘဲအများဆုံးအရန်ခုံမှာဘဲရှိနေဖို့ များနေကြောင်းသိရပါတယ်

ဂ်ြန္ထက္

Leave a Comment

Your email address will not be published.