ပးဂိုးများနေသည့်ဒီဂီယာကို အရန်ခုံထိုင်ခိုင်းတော့မည်ဟု ဆိုလ်းရှားဆို

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရှုပ်ထွေးမှုတွေ ဝေဖန်မှုတွေကြုံနေရပြီး ဂိုးသမားဒီဂီယာကိုလည်းဝေဖန်မှုတွေရှိနေတာပါ။

ယူနိုက်တက်အသင်းနည်းပြဆိုလ်းရှားကတော့ ဒီဂီယာနဲ့ပက်သက်ပြီး ကာကွယ်ပေးတဲ့စကားတွေပြောကြားခဲ့ပေမယ့် ပေးဂိုးများနေတဲ့ ဒီဂီယာကို အရန်ခုံထိုင်ခိုင်းဖို့ စဉ်းစားနေပြီလို့ Man Unitedကဆိုပါတယ်။

ဒါ့အပြင် လာမယ့် ရှက်ဖီးနဲ့ပွဲမှာ ထိုင်ခုံမှာထိုင်နေရတဲ့ ဂိုးသမား ဟန်ဒါဆန်ကို ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ အရိပ်အယောင်တွေကိုလည်း နည်းပြဆိုလ်းရှားက သတင်းစာရှင်းပွဲမှာပြောကြားသွားပါတယ်။

“”အဌားချထားခြင်းကနေ အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာ တစ်ချို့အရာတွေကဖော်ပြနေပါတယ်။Deanက ဒါကိုလုပ်ပြနိုင်ခဲ့ပြီး အသင်းရဲ့systemကိုလည်းဖြတ်ကျော်နိုင်ခဲ့တယ် ပြီးတော့ Sheffield Unitedမှာ ၂နှစ်အဌားကစားသမားအဖြစ်နေခဲ့တယ် ဒီလိုလုပ်ခဲ့တဲ့အတွက် သူ့ရဲ့ပင်ကိုယ်အရည်အချင်းတွေနဲ့အတူ ဂိုးသမားကောင်းတစ်ယောက်အဖြစ်ပြန်လာနိုင်ခဲ့ပါတယ်။

Englandနိုင်ငံရဲ့ပွဲဦးထွက်ကစားသမားအဖြစ်သူလုပ်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ပုံစံအတိုင်းလုပ်နိုင်အောင် သူပိုပြီးလေ့လာသင်ယူနေပါတယ်။သူ့ကို တိုးတက်လာအောင်အခွင့်အရေးတွေပေးခဲ့တဲ့ Sheffield Unitedနဲ့ Chris Wilderတို့ကို ကျွန်တော်တို့အရမ်းကိုကျေးဇူးတင်ပါတယ်။”လို့ သတင်းစာရှင်းပွဲမှာဆိုလ်းရှားကပြောခဲ့တာပါ။

ဒါ့အပြင် သတင်းထောက်တစ်ဦးရဲ့အမေးကိုလည်း “သူကအသင်းအတွက် အများကြီးပေးဆပ်ခဲ့ပြီးပြီဆိုတာ အငြင်းပွားစရာမလိုပါဘူး။ ဒါပေမယ့် အရန်ခုံမှာထိုင်ခိုင်းမလားဆိုတော့အခြေအနေတွေက ပြောပြနေတယ်လေ” လို့ဆိုးလ်းရှားကဆိုခဲ့တာပါ။

ဒီဂီယာဟာ ချန်ပီယံလိဂ်နောက်ဆုံးပွဲမှာလည်း ဒဏ်ရာပြဿနာ အနည်းငယ်ရှိတယ်လို့ ယူဆရပြီး ဒိုက်ပစ်ရမယ့်အလုံးတွေမပစ်ပဲလွတ်ပေးလိုက်တာမျိုးတွေရှိနေပြီး သူ့နေရာကို ဟန်ဒါဆန်ကိုပေးပြီးရင် ပြန်မရမှာစိုးရိမ်နေပုံရတယ်လို့ စပိန်အားကစားသတင်းထောက်တစ်ဦးက ဝေဖန်ရေးသားခဲ့ပါတယ်။

ဒီရာသီမှာ ပေးဂိုးများနေတဲ့ဒီဂီယာကို ကီပါကိုလမ်းပတ် အရန်ခုံပို့သလို ဒီဂေးကိုလည်း ပို့သင့်နေပြီလို့ဝေဖန်မှုတွေရှိနေပါတယ်။

ရှက်ဖီးလ်အသင်းမှာ အဌား ၂နှစ်ထွက်ကစားခဲ့တဲ့ ဟန်ဒါဆန်ဟာ အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၂နှစ်ဆက်တိုက်ရယူပြထားခဲ့ပြီးလက်ရှိအချိန်မှာ အသင်းရဲ့နံပါတ် ၁ဂိုးသမားနေရာအတွက် ရဲဝံစွာ အသုံးပြုဖို့ အချိန်တန်ပြီလို့လည်း ယူနိုက်တတ်ပရိတ်သတ်အများစုက မှတ်ချက်ပြုထားကြပါတယ်.

Leave a Comment

Your email address will not be published.