ဂတိမတည်တဲ့အေတီကိုကြောင့်တော်ရဲယားအသင်းပျောက်ဖွယ်ရှိ

အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမားလူကပ်တော်ရဲယားကိုတစ်ရာသီအငှားနဲ့ခေါ်ယူထားတဲ့စပိန်လာလီဂါကလပ်အသင်းအက်တလတ်တီကိုမက်ဒရစ်အသင်းဟာ ကစားသမားကို အငှားစာချုပ်ဖျက်သိမ်းဖို့ကြံစည်နေပါပြီ။

အေတီကို အသင်းဟာတော်ရဲယားဟာစပိန်လာလီဂါနဲ့အံဝင်ခြင်းမရှိဘူဆိုတဲ့အကြောင်းပြချက်နဲ့ စာချုပ်ပကိုတဖက်သတ်ဖျက်သိမ်းဖိုံပြင်ဆင်လာတာပါ။

တကယ်လို့စာချုပ်ဖျက်သိမ်းလိုက်ရင်တော်ရဲယားဟာ မိခင်ကလပ်အာဆင်နယ်အသင်းကိုဘဲပြန်လာရမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းမှာခွင့်ပြုထားတဲ့နိုင်ငံခြားသားကစားသမားဦးရေပြည့်နေပြီဖြစ်တာကြောင့် အသင်းလူစာရင်းမှာဝင်ခွင့်ရဖို့မလွယ်တဲ့အနေထားကိုရောက်နေပါပြီ။

တော်ရဲယားဟာအေတီကိုအသင်းမှာ ငါးပွဲသာကစားခွင့်ရထားပြီး။သူ့ရဲ့ခြေစွမ်းကို အေတီကိုနည်းပြဆီမြွန်းနီကကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် လာမယ့်ဇန်နဝါရီမှာ စာချုပ်တဘက်သတ်ဖျက်သိမ်းပြီး အာဆင်နယ်အသင်းကို ပြန်ပို့ဖို့စီစဉ်တာပါ။

သောက်မတ်ပါတေးကိုအပြောင်းအရွေ့နောက်ဆုံးအချိန်မှ ကပ်ပြီးခေါ်ယူသွားလို့အစာမကျေဖြစ်နေတဲ့အေတီအသင်းဟာ အာဆင်နယ်အသင်းရဲ့နိုင်ငံခြားသားကစားသမားအင်အားများပြားနေတဲ့အနေထားကို သိလို့ အခုလိုတမင်စီစဉ်တာလို့လည်းDaily Mailသတင်းကဆိုပါတယ်။

တော်ရဲယားဟာအာဆင်နယ်ကိုရောက်ရှိလာစဉ်အချိန်ကခြေစွမ်းပြကစားနိုင်ခဲ့သော်လည်းနောက်ပိုင်းမှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့ပြီးနည်းပြအာတီတာလက်ထပ်မှာတော့ နည်းစနစ်ပိုင်းဆိုင်ရာပြသနာတွေနဲ့ပါကြုံတွေ့လာရတာကြောင့် အခုလိုအငှားထွက်ကစားနေတာဖြစ်ပါတယ်။

တော်ရဲယားပြန်လည်ရောက်ရှိခဲ့ရင်ကွင်းလယ်ကစားသမားသစ်ခေါ်ယူစီစဉ်နေတဲ့အာဆင်နယ်အသင်းလည်း အနည်းငယ်တုံ့ဆိုင်းသွားဖို့ရှိနေသလိုအသင်းကနေမလိုအပ်ဘဲပိုရှံနေတဲ့ကစားသမားအများအပြားကိုအရင်ရှင်းထုတ်ရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နှစ်ပေါင်း၆၀လောက်အတွင်းအဆိုးရွားဆုံးအနေထားကိုရောက်ရှိနေပြီးဂိုးမိုးခေါင်နေတဲ့တိုက်စစ်အတွက် ဖန်တီးမှုအားကောင်းတဲ့ကွင်းလယ်ကစားသမားတစ်ဦးကိုမဖြစ်မနေခေါ်ယူနိုင်ဖို့ကျိုးပန်းနေပါတယ်။

Jhonhtet

Leave a Comment

Your email address will not be published.