ဆိုးရှားရဲ့အချက်ကျကျတုံ့ပြန်မှုကြောင့်ပေါစခိုလ်းနှင့်ဖာဒီနန်တို့မန်ယူဝေဖန်ရေးအရှက်ကွဲ

မန်ယူအသင်းနည်းပြဆိုးရှားက အသင်းဂန္ဓဝင်ကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ရီယိုဖာဒီနန်နဲ့ပေါစခိုလ်းတို့ဝေဖန်ခဲ့ကြတဲ့အသင်းကစားကွင်အပြောင်းအလဲများလွန်းတယ်ဆိုတဲ့ဝေဖန်မှုကို ဒေါသတကြီးပြန်လည်တုန့်ပြန်ခဲ့ပါတယ်။။

ဆိုးရှားက မိမိတို့အသင်းဟာကစားကွက်အပြောင်းအလဲများတဲ့အသင်းမဟုတ်ဘဲတည်ငြိမ်မှုရှိတဲ့အသင်းဖြစ်ကြောင်းပြန်တုန့်ပြန်ခဲ့ပါတယ်။ဒါမဟုတ်ရင်သူတို့အနေနဲ့အသင်းကိုဘယ်ကစားကွက်နဲ့ပိုသင့်လျှော်လည်းဆိုတာပြောပြပေးနိုင်မလားဟု ပြန်လည်လှောင်ပြောင်ခဲ့ပါသေးတယ်။

ဖာဒီနန်နဲ့ပေါစခိုလ်းတို့ကဆိုရှားသည် လိုက်ဇစ်အသင်းနှင့်ပွဲစဉ်တွငသုံးယောက်တန်းခံစစ်ပုံစံမျိုးဖြင့်ကစားခဲ့ခြင်းကိုအဓိကဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

နောက်လာမယ့်ပွဲစဉ်တွေမှာလည်းမန်ယူအသင်းဟာ အခုလိုသုံးယောက်တန်းခံစစ်ပုံစံမျိုးအသုံးမပြုဖို့၎င်းတို့နှစ်ဦးကပြောကြားခဲ့တာပါ။ဒါအပြင်ဆိုးရှားဟာကစားကွက်တခုကိုတည်တည်ငြိမ်ငြိမါအသုံးပြုသင့်တဲ့အချိန်ကိုရောက်နေပြီလို့လဲပြောခဲ့ပါသေးတယ်။

အဆိုပါပြောကြားချက်များအပေါ်မှာကျွန်တော်၃ယောက်တန်းခံစစ်ကိုနှစ်ကြိမ်သုံးခဲ့ပြီးပါပြီလိုက်ဇစ်ကိုရှုံးခဲ့တယ်PSGကိုတော့နိုင်ခဲ့ပါတယ်။DiamondShadeကိုတော့ပွဲပြည့်နှစ်ပွဲနဲ့ပွဲဝက်နှစ်ပွဲသုံးခဲ့တယ်။

စုစုပေါင်း၂၂ပွဲကစားတာဒီလောက်အပြောင်းအလဲလေးလုပ်တာကိုမတည်ငြိမ်ဘူးလို့မပြောနိုင်ပါဘူး။ပြီးတော့ပွဲတစ်ပွဲကစားကာနီးတိုင်းတစ်ခါတစ်ရံကစားသမားအပြည့်ရှိပြီးတစ်ခါတရံမရှိပါဘူး။

ကစားရမယ့်ပြိုင်ဘက်အပေါ်မူတည်ပြီးဆုံးဖြတ်ရတာရှိပါတယ်။အသင်းမှာရှိတဲ့အရည်အသွေးအမျိုးမျိုးရှိတဲ့ကစားသမားတွေနဲ့သင့်တော်ကစားကွက်ကိုတခါတရံမှာ ပြောင်းလဲရတာတွေရှိနေမှာပါလို့အချက်ကျကျတုံ့ပြန်သွားပါတယ်။

jhonhtet

Leave a Comment

Your email address will not be published.